Friday, June 27, 2025

သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ အရောင်းအဝယ်ပြုလုပ်ဟု ရွှေဆိုင်အချို့ထုတ်ပြန်

ဓါတ်သတ္တု ( ရွှေ )ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှသတ်မှတ်သော သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ အရောင်း /အဝယ်ပြုလုပ်ကြောင်း ရွှေဆိုင်အချို့မှ ထုတ်ပြန်ထားသည်။ ယင်းတွင် အောင်သမာဓိ စိန်ရွှေရတနာဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်းသည်ဓါတ်သတ္တု (...

လူဦးရေ(၇,၀၀၀)ခန့်အလုပ်အကိုင်ရရှိမည့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း(၈)ခုကိုခွင့်ပြုပေး

ရန်ကုန်တိုင်းအတွင်းရှိ လူဦးရေ(၇,၀၀၀)ခန့်အလုပ် အကိုင်ရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၈)ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ဇွန် ၂၅ ရက်ကကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၅)ကြိမ်မြောက်အစည်းအဝေးမှ ခွင့်ပြုပေးခဲ့သည်။ အစည်းအဝေးသို့...

တင်သွင်းရန်ကျန်ရှိသော မြေဩဇာနှင့် ပိုးသတ်ဆေးတန်ချိန်များကို ဆက်လက်စိစစ်ထောက်ခံပေးသွားမည်

ယခုဘဏ္ဍာနှစ်တွင် တင်သွင်းရန်ကျန်ရှိသော မြေဩဇာနှင့် ပိုးသတ်ဆေးတန်ချိန်များကို ဆက်လက်စိစစ်ထောက်ခံပေးသွားမည်ဖြစ်ကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးကပြောသည်။ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ အစည်းအဝေးတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုမိုးစပါးရာသီအတွက် သွင်းအားစုလိုအပ်ချက်များ လုံလောက်ရေးအတွက်...

မန္တလေးမြို့က ” ပိုသူလှူလိုသူကူ” ဆိုတဲ့...

နိုင်ငံအတွင်းမှာ အထွေထွေအကြပ်အတည်းဆိုက်ရောက်နေတဲ့ကာလအပြင် ငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးမှုတွေများခဲ့တဲ့ မန္တလေးမြို့မှာ "ပိုသူလှူ လိုသူကူ"ဆိုတဲ့ Food Box အစီအစဉ်တစ်ခု ပြန်လည်ထွက်ပေါ်လာပါတယ်။ ပြီးခဲ့တဲ့ ကိုဗစ်ကာလမတိုင်မီ ၂၀၁၉...
HomeNewsLocal Newsနေပြည်တော် ဘောဂသီရိကားဝင်းအတွင်း ရေများ...

နေပြည်တော် ဘောဂသီရိကားဝင်းအတွင်း ရေများ ဝင်ရောက်၊
ကားဝင်းအတွင်းရှိ ယာဉ်များ ဥပါတသန္တိဘုရာကုန်းဘက်သို့ ညတွင်းချင်း ရွှေ့ပြောင်းထားရ

ပြည်ထောင်စု နယ်မြေ နေပြည်တော်ရှိ ဘောဂသီရိကားဝင်းအတွင်းသို့ စက်တင်ဘာ (၁၁) ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေများ ဝင်ရောက်လာပြီး ကားဝင်းအတွင်းရှိ ယာဉ်များအားလုံး ဥပါတသန္တိဘုရာကုန်းဘက်သို့ ညတွင်းချင်း ရွှေ့ပြောင်းထားရကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာ (၁၁) ရက် ညပိုင်းက ဘောဂသီရိကားဝင်းနှုင့် နှင်းဆီပန်းအဝိုင်းကြား ရေကြီး / ရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ယာဉ်များအားလုံး ရွှေ့ပြောင်းထားရပြီး လက်ရှိ ကားဝင်းအတွင်းရှိ ဆိုင်များလည်း ယနေ့ စက်တင်ဘာ (၁၂)ရက် နံနက်ပိုင်းမှ စတင်၍ ပိတ်သိမ်းထားရကြောင်း သိရသည်။

“ဘောဂသီရိ ကားကွင်း ကားဂိတ်တွေထဲထိ ရေဝင်လာနေတာ ဝန်းထဲဆို ရေက လူရဲ့ ချက်လောက်ထိ ရောက်နေပြီး အခြေနေမကောင်းဘူး။ ရေက ခုမနက်လည်း ဆက်ပြီး တက်နေတယ်။ သူတို့တွေ ပြင်ဆင်ချိန်တောင် မရဘဲ ကားတွေ အကုန်အမြန်ရွှေ့နေကြတာ။ အုတ်တံတိုင်းလည်း ကျိုးသွားပြီ ကားတွေလည်း အကုန်မောင်းပြေးရတယ်။”ဟု ဘောဂသီရိကားကွင်းအနီးရှိ ဒေသခံ တစ်ဦးက ပြောသည်။

ထို့ပြင် ဘောဂသီရိကားကွင်းအနီးရှိ ဆင်‌ေ-သချောင်းဘေးမှ ရှမ်းရွာ၊ အလယ်ရွာ၊ ကျောက်ချက်ကျေးရွာများ တာဘောင်ကျိုးပြီး ရွာထဲရှိ နေအိမ်များ ရေမြုပ်နေကြောင်းလည်း သိရသည်။

တိုင်ဖွန်းမုန်တိုင်းယာဂီ၏ အရှိန်ကြောင့် နေပြည်တော်ဝန်းကျင်တွင် (၈) ရက်တွင် နေရာကျဲကျဲ၊ (၉) ရက်တွင် နေရာစိပ်စိပ်၊ (၁၀) ရက်နှင့် (၁၁) ရက်တိုတွင် နေရာအနှံအပြား မိုးအဆက်မပြတ်ရွာသွန်းခဲ့ စက်တင်ဘာ (၁၁) ရက်တွင် မိုးရေချိန် အနည်းဆုံး ၀ ဒသမ ၆၇ လက်မမှ အများဆုံး ၄ ဒသမ ၂၁ လက်မအထိ ရွာသွန်းခဲ့ကာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်တိုတွင် မြစ်ရေများ အဆက်မပြတ်မြင့်တက်လျက်ရှိကြောင်း သိရသည်။

ထိုသို မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ချောင်းရေနှင့် မြစ်ရေများ အဆက်မပြတ်မြင့်တက်လာမှုနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး တပ်ကုန်းမြို့နယ် ဘုရင့်နောင်ရပ်ကွက်၊ အနော်ရထာရပ်ကွက်နှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်း၊ တံတားအချို ရေတိုက်စားပျက်စီးခြင်း၊ ရန်ကုန်-မန္တလေး လမ်းဟောင်း အချို့နေရာများတွင် ရေကျော်ခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

အလားတူ ဆင်‌ေ-သချောင်းနှင့် ပေါင်းလောင်းမြစ်ရေမြင့်တက်လာမှုကြောင့် ဇေယျာသီရိမြိုနယ်နှင့် ပုဗ္ဗသီရိမြိုနယ်အတွင်းရှိ လူနေရပ်ကွက်များနှင့် ကျေးရွာများတွင် ရေကြီးရေလျှံခြင်း၊ ရန်ကုန်-မန္တလေး လမ်းဟောင်းတစ်လျှောက် ရေကျော်မှုများ ဖြစ်ပေါ်မှုကြောင့် မော်တော်ယာဉ်များသွားလာ၍ မရကြောင်း သိရသည်။

ယာဂီမုန်တိုင်းအရှိန်ကြောင့် နေပြည်တော်ဒေသနှင့် အရှေ့ဘက်ကုန်းမြင့် ဒေသများတွင် မိုးရွာသွန်းမှု များပြားလျက်ရှိပြီး ပျဉ်းမနားမြို့အတွင်း ငလိုက်ချောင်း၊ ဆင်‌ေ-သချောင်းနှင့် ပေါင်းလောင်းမြစ်တစ်လျှောက်ရှိ အနိမ့်ပိုင်းဧရိယာများနှင့် ကျေးရွာများအနေဖြင့် ရေဘေးအန္တရာယ် သတိပြုနေထိုင်ကြပါရန် နှိုးဆော်တိုက်တွန်းနေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ အရောင်းအဝယ်ပြုလုပ်ဟု ရွှေဆိုင်အချို့ထုတ်ပြန်

ဓါတ်သတ္တု ( ရွှေ )ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှသတ်မှတ်သော သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ အရောင်း /အဝယ်ပြုလုပ်ကြောင်း ရွှေဆိုင်အချို့မှ ထုတ်ပြန်ထားသည်။ ယင်းတွင် အောင်သမာဓိ စိန်ရွှေရတနာဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်းသည်ဓါတ်သတ္တု ( ရွှေ )ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှသတ်မှတ်သော သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ အရောင်း /အဝယ်ပြုလုပ်ကြောင်း၊ Social Media နှင့် Online တွင် ဖော်ပြလျက်ရှိသောအောင်သမာဓိရွှေဈေးများသည် အမှန်တကယ်အရောင်းအဝယ်ပြုလုပ်သောအောင်သမာဓိရွှေဈေးနှုန်းများ ( လုံးဝ )မဟုတ်ပါကြောင်း ထုတ်ပြန်ထားသည်။ ဇူလိုင် ၁ ရက်မှစတင်ပြီး စနစ်သစ်အလေးချိန် (16.32935g)ဖြင့် အရောင်း /အဝယ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဇွဲထက်ရွှေဆိုင်မှလည်း နိုင်ငံတော်မှသတ်မှတ်ပေးထားသောရွှေရည်ညွှန်းဈေးအတိုင်း ရောင်း/ဝယ်ခြင်း...

လူဦးရေ(၇,၀၀၀)ခန့်အလုပ်အကိုင်ရရှိမည့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း(၈)ခုကိုခွင့်ပြုပေး

ရန်ကုန်တိုင်းအတွင်းရှိ လူဦးရေ(၇,၀၀၀)ခန့်အလုပ် အကိုင်ရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၈)ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ဇွန် ၂၅ ရက်ကကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၅)ကြိမ်မြောက်အစည်းအဝေးမှ ခွင့်ပြုပေးခဲ့သည်။ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းတက်ရောက်၍ စက်မှုကဏ္ဍတွင် ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၆)ခုနှင့် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၂)ခုတို့ကို အတည်ပြုပေးခဲ့သည်။ CMP စနစ်ဖြင့် wearing apparel အမျိုးမျိုးနှင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းတို့အား အတည်ပြုပေးခဲ့ခြင်းဖြစ်ပြီး မတည်ငွေရင်းပမာဏမှာ အမေရိကန်ဒေါ်လာ(၇ ဒသမ ၇၉၁)သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း (၆,၇၇၃)ဦးအလုပ်အကိုင်များ ရရှိမည်ဖြစ်သည်။

တင်သွင်းရန်ကျန်ရှိသော မြေဩဇာနှင့် ပိုးသတ်ဆေးတန်ချိန်များကို ဆက်လက်စိစစ်ထောက်ခံပေးသွားမည်

ယခုဘဏ္ဍာနှစ်တွင် တင်သွင်းရန်ကျန်ရှိသော မြေဩဇာနှင့် ပိုးသတ်ဆေးတန်ချိန်များကို ဆက်လက်စိစစ်ထောက်ခံပေးသွားမည်ဖြစ်ကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးကပြောသည်။ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ အစည်းအဝေးတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုမိုးစပါးရာသီအတွက် သွင်းအားစုလိုအပ်ချက်များ လုံလောက်ရေးအတွက် လိုင်စင်ရရှိပြီးသောကုမ္ပဏီများ အမြန်တင်သွင်းရန်လိုအပ်ကြောင်း၊ သတ်မှတ်တန်ချိန်အမီ မတင်သွင်းနိုင်သည့် ကုမ္ပဏီများကို အရေးယူနိုင်ရေး ယခုအစည်းအဝေးတွင် ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း၊ ရည်ညွှန်းဈေးနှုန်းထုတ်ပြန်ပေးမှုအနေဖြင့် သတ်မှတ်ကာလပြည့်ပြီဖြစ်၍ ထပ်မံသတ်မှတ်ပေးရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။ ယခုလက်ရှိ နိုင်ငံတကာတွင်ဖြစ်ပွားနေသည့် အခြေအနေများကြောင့် မြေဩဇာဈေးနှုန်းများ မြင့်တက်နေပြီး ပြည်တွင်းသုံးစွဲသူ တောင်သူများအတွက် သင့်တင့်မျှတသော ဈေးနှုန်းဖြစ်စေရေး စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၅ ခုနှစ် မေနှင့် ဇွန်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071