Monday, December 15, 2025

မက်ဆီ၏အိန္ဒိယခရီးစဉ် ရုပ်ပျ-က်ဆင်းပျ-က်ဖြစ်၊ ဒေါသထွက်နေသော ပရိသတ်များက...

အာဂျင်တီးနားဘောလုံးအကျော်အမော် လီယွန်နယ်မက်ဆီ၏ စနေနေ့က အိန္ဒိယခရီးစဉ်သည် ရုပ်ပျ-က်ဆင်းပျ-က်ဖြင့် စတင်ခဲ့ပြီး ပရိသတ်များက အရာဝတ္ထု့များနှင့် ပ-စ်ပေါက်ခြင်း၊ ထိုင်ခုံများကို ရို-က်ချိုးဖျ-က်ဆီးခြင်းနှင့် Salt Lake...

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံငွေကျပ် (၁၀)...

နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်ရန် ထောက်ပံငွေကျပ် (၁၀) ဘီလီယံကို ခွင့်ပြုထားကြောင်း မြန်မာနိုင်ငံယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က...

ဘရောင်းတက္ကသိုလ်ပ-စ်ခတ်မှုတွင် လူနှစ်ဦး‌ေ-သဆုံးခဲ့ကြောင်း ပရိုဗီဒင့်စ်မြို့တော်ဝန်ပြောကြား

အမေရိကန် ရုတ်ဒ်အိုင်းလန်းပြည်နယ်ရှိ ဘရောင်းတက္ကသိုလ် (Brown University) ကျောင်းဝင်းအတွင်း စနေနေ့တွင် ဖြစ်ပွားခဲ့သော ပ-စ်ခတ်မှု၌ လူနှစ်ဦး ‌ေ-သဆုံးခဲ့ကြောင်း ပရိုဗီဒင့်စ်မြို့တော်ဝန် Brett...

မက်ဆီ၏အိန္ဒိယခရီးစဉ် ရုပ်ပျ-က်ဆင်းပျ-က်ဖြစ်၊ ဒေါသထွက်နေသော ပရိသတ်များက...

အာဂျင်တီးနားဘောလုံးအကျော်အမော် လီယွန်နယ်မက်ဆီ၏ စနေနေ့က အိန္ဒိယခရီးစဉ်သည် ရုပ်ပျ-က်ဆင်းပျ-က်ဖြင့် စတင်ခဲ့ပြီး ပရိသတ်များက အရာဝတ္ထု့များနှင့် ပ-စ်ပေါက်ခြင်း၊ ထိုင်ခုံများကို ရို-က်ချိုးဖျ-က်ဆီးခြင်းနှင့် Salt Lake...
HomeNewsLocal Newsနစကဥက္ကဋ္ဌ မန္တလေးမြို့ရှိ ရှေးဟောင်း...

နစကဥက္ကဋ္ဌ မန္တလေးမြို့ရှိ ရှေးဟောင်း သာသနိက ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှု

နစက ဥက္ကဋ္ဌသည် မန္တလေးမြို့သို့ ရောက်ရှိနေစဉ် စည်ရှည်တံတားဆောက်လုပ်ရေးဆောင်ရွက်နေမှု၊ မဟာအတုလဝေယန် (အတုမရှိ)ကျောင်းတော်ကြီး၊ ရွှေနန်းတော်ကျောင်း(ရွှေကျောင်း)၊ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီး၊ မြနန်းစံကျော် ရွှေနန်းတော်ကြီးတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

စည်ရှည်တံတားပြန်ဆောက်နေမှုနှင့်ပတ်သက်၍ ရှေးမူမပျက်ရန်၊ တံတားနှင့်ဆက်စပ်နေသည့် လမ်း များကိုလည်း စနစ်တကျဆောင်ရွက်ရန်တို့မှာကြားခဲ့သည်ဟု သိရသည်။

ထိုနည်းတူ မဟာအတုလဝေယန် (အတုမရှိ)ကျောင်းတော်ကြီးရှိ စူဠာမုနိရုပ်ရှင်တော်ဘွဲ့ အမည်ခံရုပ်ပွားဆင်းတုတော်ကြီးအား ဖူး မြော်ကြည်ညိုကာ ကျောင်းတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး၊မူလရှေးဟောင်းထိန်းသိမ်းရေးတို့ကိုမှာကြားခဲ့သည်။

ရွှေနန်းတော်ကျောင်း (ရွှေကျောင်း) သို့ ရောက်ရှိကြစဉ်တွင်လည်း နစကဥက္ကဋ္ဌသည် ကျောင်းတော်ကြီးအတွင်းအပြင်ရှိ မြန်မာမှုသစ်သားပန်းပုအခြေခံ ခြူးပန်း၊ ခြူးနွယ် အပြောက်အမွမ်းများ၊ ရုပ်လုံးရုပ်ကြွများ၊ ကျေးငှက်တိရစ္ဆာန်ရုပ်များ၊ နံရံကပ်ရုပ်ကြွများ၊ အတွင်းမာရဘင်အရှေ့ပိုင်းကွန်း စင်တိုင်အခြေတွင် ထုဆစ်ပူဇော်ထားသည့် ဇာတ်ကြီးဆယ်ဘွဲ့၊ တောထွက်ခန်း၊ မဟာပဒုမဇတ်၊ ဥတေနဇာတ်တော် တို့ကို အနုစိတ်ထုဆစ်ပူဇော်ထားရှိမှုများ ကို ကြည့်ရှုပြီး တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းသမိုင်းဝင်အမွေအနှစ်လက်ရာများဖြစ်သည့်အတွက် စနစ်တကျဖြင့် လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် မဟာဓမ္မိကာရာမ ရွှေကျင်ကျောင်းတိုက်ကြီးတွင်လည်း နစကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် သက်တမ်း ၁၆၂ နှစ်ကျော်သက်တမ်းရှိ ကျွန်းကျောင်းတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုခြင်း၊ကျွန်းကျောင်းတော်ကြီးအတွင်းရှိ ရွှေကျင်သာသနာပိုင် ဆရာတော်ကြီးများ၏ ပုံတူရုပ်တုတော်များကို ဖူးမြော်ကြည့်ရှုပြီး ကျောင်းတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက်ထိန်းသိမ်းဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကိုဆွေးနွေးမှာကြားခဲ့သည်။

မြနန်းစံကျော် ရွှေနန်းတော်ကြီး ထိန်းသိမ်းထား ရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ နှင့် တာဝန်ရှိသူများက ယခင်နှစ်က နိုင်ငံတော်ဝန်ကြီးချုပ် လာရောက်စဉ်လမ်းညွှန်မှာကြားချက်များအားဆောင်ရွက်ထားရှိမှုအခြေ အနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

အဆိုပါ ခရီးစဉ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့်ဇနီး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီးမောင်မောင်အေး နှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ဗိုလ်ချုပ်ကြီး ညိုစောနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးမျိုးသန့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်တာဝန်ရှိသူများလိုက်ပါခဲ့ကြောင်းသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မက်ဆီ၏အိန္ဒိယခရီးစဉ် ရုပ်ပျ-က်ဆင်းပျ-က်ဖြစ်၊ ဒေါသထွက်နေသော ပရိသတ်များက ကစားကွင်းကို ဖျ-က်ဆီး

အာဂျင်တီးနားဘောလုံးအကျော်အမော် လီယွန်နယ်မက်ဆီ၏ စနေနေ့က အိန္ဒိယခရီးစဉ်သည် ရုပ်ပျ-က်ဆင်းပျ-က်ဖြင့် စတင်ခဲ့ပြီး ပရိသတ်များက အရာဝတ္ထု့များနှင့် ပ-စ်ပေါက်ခြင်း၊ ထိုင်ခုံများကို ရို-က်ချိုးဖျ-က်ဆီးခြင်းနှင့် Salt Lake အားကစားကွင်း၏ ဘောလုံးကွင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်ခြင်းများလုပ်ခဲ့ကြသည်။ လက်မှတ်ရောင်းချသော ယင်းပွဲအခမ်းအနားတွင် မက်ဆီသည် အချိန်ခဏသာရှိခဲ့သဖြင့် ယခုဖြစ်ရပ်များပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ပွဲ၏ အဓိကစီစဉ်သူဖြစ်သော ဆာတာဒရူ ဒွတ်တာကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားကြောင်း အနောက်ဘင်ဂေါရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ရာဂျစ်ဗ် ကူးမားက ပြောကြားခဲ့သည်။ မက်ဆီသည် အားကစားကွင်းအတွင်း ၄၅ မိနစ်ကြာရှိနေရန် စီစဉ်ထားသော်လည်း သူသည် မိနစ် ၂၀...

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံငွေကျပ် (၁၀) ဘီလီယံ ခွင့်ပြုထား

နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်ရန် ထောက်ပံငွေကျပ် (၁၀) ဘီလီယံကို ခွင့်ပြုထားကြောင်း မြန်မာနိုင်ငံယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ကျရောက်သည့် (၅၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် မြန်မာနိုင်ငံယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ သမဝါယမနှင့် စက်မှုလက်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေး မတည်ရန်ပုံငွေမှ ထောက်ပံငွေကျပ် (၁၀) ဘီလီယံကို ခွင့်ပြုထားခြင်းဖြစ်ကြောင်း ယာယီသမ္မတက...

ဘရောင်းတက္ကသိုလ်ပ-စ်ခတ်မှုတွင် လူနှစ်ဦး‌ေ-သဆုံးခဲ့ကြောင်း ပရိုဗီဒင့်စ်မြို့တော်ဝန်ပြောကြား

အမေရိကန် ရုတ်ဒ်အိုင်းလန်းပြည်နယ်ရှိ ဘရောင်းတက္ကသိုလ် (Brown University) ကျောင်းဝင်းအတွင်း စနေနေ့တွင် ဖြစ်ပွားခဲ့သော ပ-စ်ခတ်မှု၌ လူနှစ်ဦး ‌ေ-သဆုံးခဲ့ကြောင်း ပရိုဗီဒင့်စ်မြို့တော်ဝန် Brett Smiley က ပြောကြားသည်။ "ယခုမွန်းလွဲပိုင်းတွင် လူနှစ်ဦး ‌ေ-သဆုံးသွားကြောင်းနှင့် နောက်ထပ် ရှစ်ဦးမှာလည်း အရေးပေါ်အခြေအနေတွင် ရှိနေကြောင်း ကျွန်ုပ် အတည်ပြုနိုင်သည်" ဟု Fox News မှ ထုတ်လွှင့်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သူကပြောကြားခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071