Thursday, June 18, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဟန်ကျိုးမြို့ရှိ Huajia...

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၈...

နျူကလီးယားလက်နက် လျှော့ချရေးအတွက် ရုရှား၊ တရုတ်တို့နဲ့...

နျူကလီးယားလက်နက်တွေ လျှော့ချရေးအတွက် ရုရှား၊ တရုတ်တို့နဲ့ သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးချင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောလိုက်ပါတယ်။ လောလောဆယ်မှာ အမေရိကန်ဟာ နျူကလီးယားလက်နက် အများဆုံး ပိုင်ဆိုင်ထားပြီး...

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သောငြိမ်းချမ်းရေးဖော်ဆောင်မှုကို တရုတ်နိုင်ငံကခိုင်မာစွာပံ့ပိုးကူညီသွားမည်

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သောငြိမ်းချမ်းရေးဖော်ဆောင်မှု၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ အမျိုး သားပြန်လည်သင့်မြတ်ရေး၊ လူမှုစီးပွားဘဝဖြစ်ထွန်းရေးတို့ကို တရုတ်နိုင်ငံက ခိုင်မာစွာပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ဇွန် ၁၇ ရက်ကထုတ်ပြန်သည့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား...

ဖောက်ခွဲဖျက်ဆီးခံရသည့် တာဝါတိုင်(၁၆)တိုင်ကြောင့် ပြတ်တောက်နေသော ကလေးဝဒေသ...

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်တွင် အကြမ်းဖက်အဖွဲ့များ၏ ဖောက်ခွဲဖျက်ဆီးမှုကြောင့် တာဝါတိုင် (၁၆) တိုင် ပြိုလဲပျက်စီးခဲ့သဖြင့် ပြတ်တောက်နေသည့် မဟာဓာတ်အားလိုင်းကို နယ်မြေလုံခြုံရေးအခြေအနေပေါ်မူတည်၍ ပြန်လည်ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်...
HomeInternationalဆလင်းဒီရွန်က ဆေးသုတေသနလုပ်ရန် ဒေါ်လာ...

ဆလင်းဒီရွန်က ဆေးသုတေသနလုပ်ရန် ဒေါ်လာ ၂ သန်းလှူဒါန်း

ကနေဒါနိုင်ငံသူ ကမ္ဘာကျော်တိုင်တန်းနစ်ရုပ်ရှင်ကား၌ ဇာတ်ဝင်တေးသီချင်းကို သီဆိုသူ ဆလင်းဒီရွန်သည် ဆေးသုတေသနပြုလုပ်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၂ သန်းလှူဒါန်းခဲ့ကြောင်းသိရသည်။

ဒီရွန်သည် ကော်လိုရာဒိုပြည်နယ်ရှိ Anschutz ဆေးဘက်ဆိုင်ရာသုတေသနတက္ကသိုလ်သို့ ဒေါ်လာ ၂ သန်း လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ၎င်းကိုယ်တိုင်ကြုံတွေ့ခံစားနေရသော ကြွက်သားများ တောင့်တင်းမှု ရောဂါအတွက် သုတေသနပြုလုပ်ကုသနိုင်ရန် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

ဒီရွန်ကိုယ်တိုင်လည်း အဆိုပါဆေးတက္ကသိုလ်မှ ဆရာဝန်တစ်ဦးထံတွင် ကုသမှုခံယူနေရခြင်းဖြစ်သည်။

“ဆေးပညာနယ်ပယ်ကို ရှေ့တက်နိုင်စေဖို့အတွက် ဒီလိုအသိအမှတ်ပြုလှူဒါန်းမှုကို လက်ခံခဲ့ရတဲ့အတွက် အလွန်ဂုဏ်ယူမိပါတယ်၊ သူ့ရောဂါဟာအော်တိုအင်န်မြွန်း အာရုံကြောဆိုင်ရာရောဂါဖြစ်ပြီး၊ ကြွက်သားများကျုံ့သွားခြင်းနှင့်တောင့်တင်းခြင်းစတဲ့ လက္ခဏာ‌တွေရှိပါတယ်” ဟုလည်း အဆိုပါဆရာဝန်ကပြောကြားခဲ့သည်။

“ဆလင်းကို ကောင်းမွန်တဲ့ကုသမှုကို ခံယူ‌စေပြီး ရောဂါလက္ခဏာတွေကို ကောင်းကောင်းထိန်းချုပ်နိုင်အောင်ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ဒီရောဂါအတွက် FDA က ထောက်ခံအသိအမှတ်ပြုထားတဲ့ ဆေးဝါးတွေမရှိသေးပါဘူး၊ဒါကြောင့် ကာကွယ်ဆေး ထိုးခြင်း နဲ့ ရောဂါလက္ခဏာကုထုံးတွေကိုပဲအသုံးပြုကုသလေ့ရှိပါတယ်” ဟုလည်း ၎င်း၏ဆရာဝန်ကပြောကြားခဲ့သည်။

ဆလင်း၏ ယခုလိုလှူဒန်းရသည့်ရည်ရွယ်ချက်မှာ ၎င်းကိုယ်တိုင်ခံစားနေရသည့် ရောဂါနှင့်ပတ်သက်ပြီး ကျန်သူများအား ပိုမိုသတိထားမိလာစေရန်နှင့် ကုသနိုင်သည့်ဆေးဝါးများ ပေါ်ပေါက်လာစေရန်ရည်ရွယ်ခြင်းလည်းဖြစ်သည်ဟုသိရသည်။

Source : KOHA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဟန်ကျိုးမြို့ရှိ Huajia Shanzhuang Hotel သို့ ရောက်ရှိ

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၈ ရက် ညပိုင်းတွင် ဟန်ကျိုးမြို့ရှိ Huajia Shanzhuang Hotel သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် ရှန်ဟိုင်းမြို့မှ G253 အမြန်ရထားဖြင့် ဟန်ကျိုးမြို့ရှိ အရှေ့ဟန်ကျိုးဘူတာ (ဟန်ကျိုးတုန်း) သို့ ရောက်ရှိခဲ့ပြီးနောက် Huajia Shanzhuang Hotel သို့ ဆက်လက်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ဟိုတယ်သို့ ရောက်ရှိချိန်တွင် တာဝန်ရှိသူများက နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား...

နျူကလီးယားလက်နက် လျှော့ချရေးအတွက် ရုရှား၊ တရုတ်တို့နဲ့ သဘောတူညီချက် ရယူလိုကြောင်း ထရန့် ပြောကြား

နျူကလီးယားလက်နက်တွေ လျှော့ချရေးအတွက် ရုရှား၊ တရုတ်တို့နဲ့ သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးချင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောလိုက်ပါတယ်။ လောလောဆယ်မှာ အမေရိကန်ဟာ နျူကလီးယားလက်နက် အများဆုံး ပိုင်ဆိုင်ထားပြီး ရုရှားကတော့ ဒုတိယနေရာမှာ ရှိနေတယ်လို့ သူက ထောက်ပြပါတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံကလည်း သူတို့ရဲ့ နျူကလီးယားလက်နက်တွေကို တက်တက်ကြွကြွ တိုးမြှင့်တည်ဆောက်နေပြီး နောက် ၅ နှစ်အတွင်းမှာ သူတို့ (အမေရိကန်နဲ့ ရုရှား) ကို ရင်ပေါင်တန်းနိုင်လာလိမ့်မယ်လို့ ဆိုပါတယ်။ ပြင်သစ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ G7 ထိပ်သီးအစည်းအဝေး သတင်းစာရှင်းလင်းပွဲမှာ ထရန့်က အခုလို...

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သောငြိမ်းချမ်းရေးဖော်ဆောင်မှုကို တရုတ်နိုင်ငံကခိုင်မာစွာပံ့ပိုးကူညီသွားမည်

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သောငြိမ်းချမ်းရေးဖော်ဆောင်မှု၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ အမျိုး သားပြန်လည်သင့်မြတ်ရေး၊ လူမှုစီးပွားဘဝဖြစ်ထွန်းရေးတို့ကို တရုတ်နိုင်ငံက ခိုင်မာစွာပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ဇွန် ၁၇ ရက်ကထုတ်ပြန်သည့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်မှု အရှိန်အဟုန်မြှင့်တင်ရေးဆိုင်ရာပူးတွဲကြေညာချက်အရ သိရသည်။ မြန်မာနိုင်ငံအနေဖြင့် အမျိုးသားရေးအခြေအနေများနှင့်ကိုက်ညီပြီး ပြည်သူလူထုကထောက်ခံအားပေးသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအတိုင်းဦးတည်သွားနေခြင်း၊ မြန်မာနိုင်ငံဘက်မှ နိုင်ငံ၏အချုပ်အခြာ အာဏာ၊ လုံခြုံရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် အ မျိုးသားရေးဂုဏ်သိက္ခာတို့ကိုကာကွယ်စောင့်ရှောက်ခြင်းတို့ကိုလည်း တရုတ်နိုင်ငံက ခိုင်မာစွာပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲကျင်းပခဲ့သည့်အပေါ် တရုတ်နိုင်ငံကကြိုဆိုပြီး နိုင်ငံအတွင်းရေရှည်တည်တံ့သော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ဖော်ဆောင်ရန် မြန်မာနိုင်ငံဘက်မှကြိုး ပမ်းအားထုတ်မှုများကိုဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်းပူးတွဲကြေညာချက်အရ သိရသည်။ ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071