အီရန်သမ္မတ လေယာဉ်ပျက်ကျ အသက်ဆုံးရှုံးခဲ့ရသည့်အပေါ် ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ  ဝမ်းနည်းကြောင်းစာလွှာ လက်မှတ်ရေးထိုး

0
90

ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ယု

သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သည့် ရဟတ်ယာဉ် မတော်တဆမှုအတွင်း အီရန်သမ္မတ ‌ေ-သဆုံးခဲ့ရသည့် ဖြစ်စဉ်အပေါ် ဝမ်းနည်းကြောင်းစာလွှာ လက်မှတ်ရေးထိုးခဲ့သည်။ 

ယမန်နေ့ မေ (၂၂) ရက်က ဆော်ဒီအာရေဗျနိုင်ငံရှိ အီရန်သံ ရုံးသို့ သွားရောက်၍ လတ်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

လတ်တလော ဖြစ်ပွားခဲ့သော ရဟတ်ယာဉ် မတော်တဆဖြစ်စဉ်တွင် ကွယ်လွန်ခဲ့သည့် အီရန်နိုင်ငံသမ္မတ H.E. Dr. Seyyed Ebrahim Raisi ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Dr. Hossein Amir-Abdollahian နှင့် တာဝန်ရှိသူများအတွက် ဖွင့်လှစ်ထားရှိသော ဝမ်းနည်းကြောင်းအထိမ်းအမှတ် 

မှတ်တမ်းစာအုပ်တွင် ဝမ်းနည်းကြောင်းစာလွှာ ရေးသားလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အီရန်သမ္မတနှင့် အီရန်နိုင်ငံခြားရေး ဝန်ကြီးတို့ အပါအဝင် အစိုးရထိပ်တန်းတာဝန်ရှိသူများ လိုက်ပါစီးနင်းလာသည့် ရဟတ်ယာဉ်မှာ မေလ (၁၉)ရက်က အီရန်နိုင်ငံ ၊ အနောက် မြောက်ပိုင်းရှိ တောင်တောထူထပ်သည့်  အဇာဘိုင်ဂျန်အ ရှေ့ပြည်နယ်နယ်စပ်အနီးမှာ ပျက်ကျသွားခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here