မလေးရှားနိုင်ငံ အော်ပရာစီကာလအတွင်း  Exit Pass ကိုင်ဆောင်ထားသူများသာ ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်မည်ဟု မြန်မာသံရုံး အသိပေး

0
190

ယခု မေလအတွင်း မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်သူ များနှင့် အထောက်အထား မပြည့်စုံသူများအား အော်ပရာစီစစ်ဆင်ရေးတစ်ရပ် ပြုလုပ်၍ ဖမ်းဆီးလျှက်ရှိရာ ယင်းအတွ က် မလေးရှားလူဝင်မှု ကြီးကြပ်ရေးရုံးတွင် နိုင်ငံအတွင်းမှ ထွက်ခွာခွင့် Exit Pass ကိုင်ဆောင်ထားသူများသာ ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယမန်နေ့တွင် အသိပေးကြေညာထားသည်။

မြန်မာသံရုံး၏ အသိပေးချက်တွင် မလေးရှားနိုင်ငံအတွင်းမှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့်သူများအနေဖြင့် သတ်မှတ်ရက် မတိုင်မီ ဖမ်းဆီးစစ်ဆေးခြင်းခံရပါက သက်ဆိုင်ရာ အရာရှိထံသို့ သက်တမ်းရှိ နိုင်ငံကူးလက်မှတ် (သို့မဟုတ်) သံရုံး၏ C of I စာရွက်၊ လေယာဉ်လက်မှတ်၊ မလေးရှားလူဝင်မှုကြီးကြပ်ရေးရုံးတွင် ဒဏ်ကြေးငွေ ဆောင်ထားသည့် လက်ခံစာရွက်နှင့် မလေးရှားနိုင်ငံမှ ပြန်လည်ထွက်ခွာခွင့်ပြုသည့် Exit Pass စာရွက်ကို ပြသရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်မည့်သူများအနေဖြင့် မလေးရှားလူဝင်မှု ကြီးကြပ်ရေးရုံးများတွင် ဒဏ်ကြေးငွေ ရင်းဂစ် (၅၀၀) နှင့် Exit Pass စာရွက်အတွက် ရင်းဂစ်(၁၀၀) ပေးဆောင် ရမည်ဖြစ်ကြောင်းနှင့် ထိုသို့ ပေးဆောင်ရသည့် ဒဏ်ကြေးငွေအား မလေးရှားနိုင်ငံအစိုးရက လျော့ပေါ့ ပေးနေသည့်ကာလအတွင်း Exit Pass ကို လျှောက်ထားကြရန် လိုအပ်သည်ဟု မြန်မာသံရုံးက အသိပေးထားသည်။

ယခု မေလ တတိယပတ်အတွင်း မလေးရှားနိုင်ငံ ဆလန်ကောပြည်နယ်၌ တရားမဝင်နေထိုင်သူများနှင့်အထောက်အထားမပြည့်စုံသူများကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆင်‌ရေး(အော်ပရာစီ) စတင် ဝင်ရောက်နေရာ ကလေးငယ်များအပါ အဝင် မြန်မာနိုင်ငံသားအများအပြားဖမ်းဆီးခံနေရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here