အမေရိက၌ ဒုတိယမြောက် ကြက်ငှက်တုပ်ကွေးကူးစက်မှုအတည်ပြု

0
201

လော့ဆန်းဂျလိစ်၊မေ ၂၂

အမေရိကန်နိုင်ငံ၌ ကြက်ငှက်တုပ်ကွေးရောဂါကူးစက်ခံရသူ ဒုတိယတစ်ဦးရှိလာကြောင်း ကျန်းမာရေးအာဏာပိုင်များ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ကြက်ငှက်တုပ်ကွေးရောဂါသည် ယခုအခါ နွားများကိုပါ လျင်မြန်စွာ ပိုမိုကူးစက်လျက်ရှိပြီး နို့ထွက်ပစ္စည်းထုတ်လုပ်မှုနှင့်ဆက်စပ်သည့်လုပ်သားများသည် ကူးစက်နိုင်ခြေအများဆုံးသူများလည်းဖြစ်လာခဲ့သည်။

ယခုတွေ့ရှိရသည့် ဒုတိယမြောက်ကူးစက်သူသည်လည်း မီကျီဂန်ပြည်နယ်ရှိ နွားခြံမှလုပ်သားတစ်ဦးဖြစ်ကြောင်း  ရောဂါထိန်းချုပ်ကာကွယ်ရေး ဌာန (စီဒီစီ)ကပြောကြားခဲ့ပြီး မျက်စိနာခြင်းလက္ခဏာစတင်ပြသခဲ့ခြင်းဖြစ်သည်ဟုလည်းဆိုသည်။

စီဒီစီ ၏စောင့်ကြည့်လေ့လာမှုအရ ရောဂါရှိနေသည့် တိရစ္ဆာန်များကို အကာအကွယ်မပါဘဲ ကိုင်တွယ်မိရာမှ လူသားများထံကူးစက်ခြင်းမှလွဲ၍ လူသားအချင်းချင်း အလျင်အမြန်ကူးစက်ပျံ့နှံ့နိုင်ခြေမတွေ့ရသေးကြောင်းလည်းသိရသည်။

Source : ဆင်ဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here