ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦး စီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်နေသည့် အိမ် ရာအဆောက်အအုံ (၂၆)လုံးအတွက် တင်ဒါခေါ်ယူထား

0
164

ဆောက်လုပ်ရေးဝန်ကြီးဌာနမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနမှ အကောင်အထည်ဖော် တည်ဆောက်နေသည့် အိမ်ရာအဆောက်အအုံ (၂၆)လုံး လုပ်ငန်းတည်ဆောက်ခြင်း လုပ် ငန်းများအတွက် တင်ဒါခေါ်ယူထားကြောင်း နိုင်ငံသတင်းစာတွင်ဖော်ပြထားချက်အရ သိရသည်။

အဆိုပါ အိမ်ရာစီမံကိန်းမှာ ကျန်စစ်မင်းအိမ်ရာစီမံကိန်းအပို င်း(၁)၊ အပိုင်း(၂)နှင့် ယုဇနအိမ်ရာ စီမံကိန်းအပိုင်း (၃)တို့ဖြ စ်ကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦး စီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် လှို င်သာယာမြို့နယ် ကျန်စစ်မင်းအိမ်ရာစီမံကိန်း အပိုင်း (၁)၊ အပိုင်း(၂)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ယုဇနအိမ် ရာစီမံကိန်းအပိုင်း (၃)တို့တွင် အိမ်ရာအဆောက်အအုံ (၂၆) လုံးလုပ်ငန်းတည်ဆောက်ခြင်းလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါများခေါ်ယူထားခြင်း ဖြစ်သည်။

အဆိုပါ အိမ်ရာစီမံကိန်းများအတွက်တင်ဒါလျှောက်လွှာပုံစံများကို မေလ၊ (၂၃)ရက်  မှ ဇွန်လ (၇)ရက်အထိ ဝယ်ယူနိုင်ပြီး ဇွန်လ (၁၀)ရက်  ညနေ  (၃)နာရီတွင် တင်ဒါနောက်ဆုံးတင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

စိတ်ဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရုံးအမှတ် (၄၀) နေပြည်တော်တွင် ပုံစံများဝယ်ယူတင်သွင်းရမည်ဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here