ရွှေဘိုမြို့တွင်  (၁၂၉) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပ

0
56

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် (၁၂၉)ကြိမ်မြောက်ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ယနေ့ မေလ (၂၂) ရက်၊ ကဆုတ်လပြည့်နေ့ နံနက်ပိုင်းက မြို့ထောင့်ဘုရားပရဝုဏ်တွင်းရှိ ဗောဓိရွှေညောင်ပင်တွင် ကျင်းပခဲ့ကြသည်။

မဟာဗောဓိ ရွှေညောင်ပင်အား ပရိဘောဂစေတီ အဖြစ်သ တ်မှတ်ပြီး၊ ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင် စံဝင် နိဗ္ဗာန်နန်း ဆိုသည့်အတိုင်း ၁၃၈၆ ခု၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့) တွင် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ကျင်းပကြခြင်းဖြစ်သည်။

ဆရာတော် သံဃာတော်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ထောင့်လေးထောင့်မှ နေရာယူပြီး တနင်္ဂနွေထောင့်မှစတင်ကာ ၊ဖွား၊ ပွင့်၊ ဟောစံ၊ ဗျာဒိတ်ခံ စံဝင်နိဗ္ဗာန်နန်းဆိုသ ည့်အတိုင်း မဟာဗောဓိရွှေ ညောင်ပင်အား ပရိဘောဂစေတီ အဖြစ်သတ်မှတ်ပြီး၊ ဗုဒ္ဓမြတ်စွာ ဘုရားရှင်အားရည်စူး၍ အ မွှေးနံ့သာရည်တို့ဖြင့် ကဆုန်ညောင်ရေများ သွန်းလောင်းပူ ဇော်ကုသိုလ်ယူခဲ့ကြကာ စတုဒီသာကျွေးမွေးဧည့်ခံသည်။

ညောင်ရေသွန်းလောင်းပူဇော်ပွဲ အမှတ် (၅) စစ်အုပ်ချုပ်ရေးနယ်မြေ၊ စစ်နယ်မြေမှူးနှင့် အရာရှိစစ်သည်များ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဇော်မျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အမျိုး သမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် လူမှူရေးအသင်း၊အဖွဲ့များ တက်ရောက်သည်။

ရွှေဘိုမြို့ပေါ်ရှိကျောင်းတိုက်များ မှဆရာတော်များအားပင့်ဖိတ်၍ ငါးပါးသီ လခံယူဆောက်တည်ကာ ဆရာတော် အ ရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရား ဒေသနာတော်အားရွတ်ပွားပြီး၊ လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here