တောင်ကိုရီးယားသို့ မြန်မာလုပ်သား ၁၅၂ ဦး စေလွှတ်

0
100

EPS စနစ်ဖြင့် တောင်ကိုရီးယားသို့ မြန်မာလုပ်သား (၁၅၂) ဦးကို ယမန်နေ့တွင် စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

တောင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ရန် အစိုးရပြည်ပအ လုပ်အကိုင်အေဂျင်စီ EPS စနစ်ဖြင့် စေလွှတ်သည့် ကုန်ထု တ်လုပ်သားသစ် (၁၅၂) ဦးသည် အင်ချွန်းအပြည်ပြည်ဆိုင် ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း မြန်မာသံရုံး သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် ပြီးခဲ့သည့် ဧပြီလတွင် ကိုရီးယားသမ္မတနိုင်ငံသို့ E-9 ဗီဇာဖြင့် EPS လုပ်သားစုစုပေါင်း (၄၂၁) ဦး ကိုစေလွှတ်ခဲ့ကြောင်း သိရသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ အစိုးရပြည်ပအလု ပ်အကိုင်အေဂျင်စီမှ ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သားများစေလွှတ်လျက်ရှိရာ ၂၀၂၃ ခုနှစ်တွင် ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများသို့ (၁၀၆၁၁) ဦး စေလွှတ်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံအတွက် လုပ်သားခေါ်ယူမှုခွဲ တမ်းအနေဖြင့် (၁၁၀၀၀) ခန့် ရွေးချယ်ခေါ်ယူ စေလွှတ်သွားမည်ဖြစ်ပြီး ဆက်လက်၍ သင့်တော်ကောင်းမွန်သည့် အ လု ပ်အကိုင်ရရှိစေရန်နှင့် လုပ်သားများ ပိုမိုစေလွှတ်နိုင်ရန် အ ရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here