တနင်္သာရီတိုင်း မြို့နယ်(၄)မြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်လာသဖြင့် စစ်ရှောင်ပြည်သူ (၆၀,၀၀၀)နီးပါး အထိရှိလာ

0
381

တနင်္သာရီတိုင်း၊ သရက်ချောင်း၊ ဘုတ်ပြင်း၊ ပုလောနှင့် တနင်္သာရီမြို့နယ်များအတွင်း ရက်ရှည်တိုက်ပွဲများကြောင့် ဒေသခံပြည်သူ(၆၀,၀၀၀)နီးပါးအထိ စစ်ဘေးတမ်းရှောင်နေရကြောင်း တနင်္သာရီတိုင်း စစ်ရှောင်အရေး စစ်တမ်းကောက်ယူနေသည့် FE5Tanintharyi အဖွဲ့၏ အသိပေးချက်အရသိရသည်။

ယင်း စစ်ရှောင် အရေအတွက်သည် ပြီးခဲ့သော မေလအတွင်း နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများစာရင်းဖြစ်ပြီး မေလတစ်လအတွင်း အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်‌ေ-သ ဆုံးသူ အရပ်သား စုစုပေါင်း (၃၂)ဦးရှိခဲ့ကြောင်းလည်း ၎င်းတို့၏ စစ်တမ်း‌တွင်ဖော်ပြထားသည်။

ထို့ပြင် ဒေသတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် လက်နက်ကြီးကျည်ကျရောက်၍ ပျက်ဆီးဆုံးရှုံးရသည့် လူနေအိမ် (၈၇)လုံးအထိ ရှိလာကြောင်းလည်း ဆိုသည်။

တိုက်ပွဲများကြောင့် နေအိမ်မီးလောင် ပျက်စီးမှုအများဆုံးမှာ ရက်ရှည်တိုက်ပွဲဖြစ်ပွားနေသည့် သရက်ချောင်းမြို့နယ် သရက်ချောင်းရွာနှင့် ကနက်သီရီရွာတွင် ပျက်စီးဆုံးရှုံးမှု အများဆုံးရှိခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းအတွင်းရှိ တိုက်ပွဲများမှာ ကျေးလက်ဒေသများမှသည် မြို့ပြများအနီးအထိ ကျယ်ပြန့်လာမှုနှင့်အတူ အရေးကြီးသော ကားလမ်းမကြီးများတစ်လျှောက် နယ်မြေစိုးမိုးနိုင်ရေး အပြန်အလှန်လုပ်ဆောင်လာမှုကြောင့် လမ်းပိတ်ဆို့မှုများ မကြာခဏဖြစ်ပေါ်လာ နေသည်ဟု အသိပေးချက်တွင် ဖော်ပြထားသည်။

ယင်းကြောင့် ဒေသထွက်ကုန်များ တင်ပို့ရာတွင် အခက်အခဲများရှိနေသလို ဒေသတွင်း စားသောက်ကုန်များ သယ်ယူရာတွင်လည်း အခက်အခဲများစွာ ကြုံတွေ့နေကြရကြောင်း သိရသည်။

ယင်းအခြေအနေများကြောင့် ဒေသထွက်ကုန်များ တင်ပို့ရခက်ခဲမှုများ၊ ကုန်စည်ပျက်စီး ဆုံးရှုံးမှုများ ကြုံတွေ့နေပြီး ၊ ဒေသတွင်း ကုန်စည်ဝင်ရောက်မှု အခက်အခဲများကြောင့် ကုန်စည်များ ရှားပါးလာခြင်း၊ စျေးတက်ခြင်းများလည်း ကြုံတွေ့နေရကြောင်း ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here