နှစ်လွန်ပင်စင်ထုတ်ယူနိုင်ရန် အငြိမ်းစားများ နီးစပ်ရာဘဏ်ခွဲများတွင် လျှောက် ထားထုတ်ယူနိုင်​ရေး စီစဉ်ပေးမည်

0
69

နယ်မြေလုံခြုံရေး အခြေအနေအရ တစ်နှစ်ထက်ကျော်လွန်ပြီး ပင်စင်လစာ ထုတ်ယူနိုင်ခြင်းမရှိသော အငြိမ်းစားများအား ယာယီအစီအစဉ်အနေဖြင့် နီးစပ်ရာ မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် နှစ်လွန်ပင်စင် ပြန်လည်ထုတ်ယူခွင့်ကို လျှောက်ထားနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီး ဌာနမှ အသိပေးကြေညာထားသည်။

ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ယာယီရပ်ဆိုင်းထားသည့် ဘဏ်ခွဲများနှင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမရှိသည့် ဘဏ်ခွဲများမှ အငြိမ်းစားများ နှစ်လွန်ပင်စင်လျှောက်ထားရန်ကိစ္စကို မေလ (၆) ရက် ရက်စွဲဖြင့်အသိပေးကြေညာထားသည်။

လတ်တလောဖြစ်ပေါ်နေသော နယ်မြေလုံခြုံရေးအခြေအနေများအရ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ယာယီရပ်ဆိုင်းထားသည့်ဘဏ်ခွဲများနှင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမရှိသည့် ဘဏ်ခွဲများမှ အငြိမ်းစားများနှစ်လွန်ပင်စင်လျှောက်ထားရာတွင် အခက်အခဲများရှိနေကြောင်း သိရသည်။

အထက်ပါ အငြိမ်းစားများ၏ နှစ်လွန်ပင်စင်လစာ ပြန်လည်လျှောက်ထားမှု အဆင်ပြေစေရန်အတွက် ၂၀၂၁ ခုနှစ်ဧပြီ၁ ရက်မှစတင်၍ တစ်နှစ်ထက်ကျော်လွန်ပြီး ပင်စင်လစာထုတ် ယူနိုင်ခြင်းမရှိသော အငြိမ်းစားများအား ယာယီအစီအစဉ်အနေဖြင့် နီးစပ်ရာ မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် နှစ်လွန်ပင်စင်ပြန်လည်ထုတ်ယူခွင့်ကို လျှောက်ထားနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ပုံမှန်ဖွင့်လှစ်ဆောင် ရွက်ပေးလျက်ရှိသည့် ဘဏ်ခွဲများမှ အငြိမ်းစားများအနေ ဖြင့် နှစ်လွန်ပင်စင်ကိစ္စရပ်များအား ယခင်တည်ဆဲနည်းဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း အသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here