မိုးတိမ်တောင်ရွေ့လျားမှုကြောင့် မိုးရွာခြင်းနှင့်အတူ လေ ပြင်းတိုက်ခတ်ကာ မိုးထစ်ချုန်းရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းတို့ ဖြစ်လာနိုင်

0
53

ယခုရက်သတ္တပတ်အတွင်း မိုးတိမ်တောင်များ ရွေ့လျားမှုဖြ စ်စဉ်ကြောင့် မိုးထစ်ချုန်းရွာခြင်းနှင့်အတူ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်လာနို င်ကာ သတိပြုဖို့လိုကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးသည်။

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တန င်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရ င်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ရွေ့ လျားမှုနှင့်အတူ ထိုဖြစ်စဉ်များ ဖြစ်ပွားနိုင်ကြောင်း သတိ ပေးထားခြင်း ဖြစ်သည်။ 

ထို့အပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့တွင် ရွာရန်ရာနှုန်း ၈၀ ခန့်ဖြင့် ယနေ့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်းလည်း ခန့်မှန်းထုတ်ပြန်ထားသည်။ 

မုတ်သုံမိုးသည်လည်း တနင်္သာရီတိုင်း တောင်ပိုင်းအစွန်မှ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတိုင်း၊ မွန်နှင့် ကရင်ပြည်နယ်တို့ ပါ ဝင်သော မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် မကြာမီ ရက် ပိုင်းများအတွင်း စတင်ရွာသွန်းနိုင်ဖြစ်ကြောင်း မိုးဇလပညာ ရှင်များကလည်း  ခန့်မှန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here