ထိုင်ဝမ်ကမ်းခြေစောင့်တပ်က သမ္မတကျမ်းမကျိန်မီ ကျွန်းအနီးတစ်ဝိုက် ပို၍ကင်းလှည့်

0
167

တိုင်ပေ၊မေ ၁၉

ထိုင်ဝမ်ရွေးကောက်ခံသမ္မတ လိုင်ချင်တီသည် မေလ ၂၀ ရက်နေ့၌ ကျမ်း သစ္စာကျိန်ဆိုပွဲ ကို ပြုလုပ်မည်ဖြစ်ပြီး ကျမ်းကျိန်ပွဲမတိုင်မီတစ်ရက်အလို မေလ ၁၉ ရက်နေ့ကတည်းက ထိုင်ဝမ်ကမ်းခြေစောင့်တပ်သည် ကျွန်းအနီး  အရှိန်တိုးမြှင့်၍ ပတ္တရောင် လှည့်ခဲ့ကြောင်းသိရသည်။

တရုတ်က ထိုင်ဝမ်ကို ၎င်းပိုင်နက်၏ တစိတ်  တ​ေ ဒသအဖြစ်တောင်းဆိုထားပြီး နေ့စဉ်နှင့်အမျှ ကျွန်းပတ်ပတ်လည်၌ တိုက်လေယာဉ်များ၊ဒရုန်းများနှင့် ရေတပ်သင်္ဘောများဖြင့် မကြာခဏ စစ်ရေးပြမှုများက်ုပြုလုပ်ခဲ့သည်။

ထိုင်ဝမ်ကမ်းရိုးတန်းစောင့်အုပ်ချုပ်ရေးအဖွဲ့ကမူ ကျမ်းကျိန်ပွဲကဲ့သို့သော အရေးကြီးသည့်နေ့မျိုး၌ အလွဲအမှားမဖြစ်စေရန်အတွက် ထိုင်ဝမ်ကျွန်းစုအနီး လုံခြုံရေးတိုးမြှင့်ကာ တင်းတင်းကြပ်ကြပ်ဆောင်ရွက်နေရခြင်းဖြစ်သည် ဟု ပြောသည်။

ထိုင်ဝမ်ရှိ Kinmen ကျွန်းသည် တရုတ်က ခွဲထွက်ရေးသမားအဖြစ်လက်ခံယူဆထားသည့် မစ္စတာလိုင်ချင်တီကို  ထောက်ခံမှုမဲအများဆုံးဖြင့် အနိုင်ရရှိစေခဲ့သောနေရာလည်းဖြစ်သဖြင့် ပိုမိုသတိထားဆောင်ရွက်နေရခြင်းဖြစ်ကြောင်းလကိုပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အာရ်ဂျေ


LEAVE A REPLY

Please enter your comment!
Please enter your name here