ရာထူးတာဝန် စတင်ထမ်းဆောင်ပြီဖြစ်သည့် ထိုင်ဝမ်သမ္မတသစ်က ရန်လိုသည့်လုပ်ရပ်များ ရပ်တန်ဖို့ တရုတ်ကို တောင်းဆို

0
183

ထိုင်ဝမ် သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီဖြစ်တဲ့ လိုင်ချင်းတေက ထိုင်ဝမ်ရဲ့ အနာဂတ်ဟာ ထိုင်ဝမ်ပြည်သူတွေအတွက်သာမက ကမ္ဘာအတွက်လည်း အရေးပါတယ်လို့ ပြောဆိုသွားပါတယ်။

သမ္မတအဖြစ် သူ့ရဲ့ ပထမဆုံး မိန့်ခွန်းမှာ လိုင်က “ဒီမိုကရေစီ” ဆိုတဲ့ စကားလုံးကို ၃၁ ကြိမ်တိုင် ထည့်သွင်းဖော်ပြခဲ့ပြီး ထိုင်ဝမ်နဲ့ တရုတ်အကြား ကွဲပြားခြားနားမှုကို ထင်သာစေခဲ့ပါတယ်။ တရုတ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းဒေသကို ၎င်းရဲ့ ကွန်မြူနစ်အုပ်ချုပ်မှုအောက် ဆွဲသွင်းကာ ပေါင်းစည်းသွားဖို့ ကတိပြုထားခဲ့ပါတယ်။

ထိုင်ဝမ်ရေလက်ကြားမှာ ရန်လိုတဲ့ လုပ်ဆောင်ချက်တွေကို ရပ်တန့်ဖို့နဲ့ ဒေသတွင်း ငြိမ်းချမ်းရေးထိန်းသိမ်းရာမှာ ထိုင်ဝမ်ကို အကူအညီပေးဖို့ လိုင်က တရုတ်ကို တိုက်တွန်းခဲ့ပါတယ်။

အပြန်အလှန်အကျိုးခံစားခွင့်နဲ့ သာယာဝပြောတဲ့ အတူယှဉ်တွဲနေထိုင်ရေးဟာ ဘုံရည်မှန်းချက်ဖြစ်ရမှာဖြစ်ပြီး တရုတ်အနေနဲ့ ထိုင်ဝမ်ရဲ့ တည်ရှိမှုအဖြစ်မှန်ကို ရင်ဆိုင်နိုင်လိမ့်မယ်လို့ မိမိ မျှော်လင့်ပါကြောင်း သူက ပြောဆိုခဲ့ပါတယ်။

“ကျွနု်ပ်တို့ ဆုံးဖြတ်တဲ့ အနာဂတ်ဟာ ကျွနု်ပ်တို့နိုင်ငံရဲ့ အနာဂတ်သာမက ကမ္ဘာ့အနာဂတ်လည်းဖြစ်တယ်” လို့ ပထဝီနိုင်ငံရေးခြုံမှုသာမက ကမ္ဘာရဲ့ ပိုမိုကြီးမားတဲ့ စီးပွားရေးနဲ့ ကမ္ဘာအတွက် အရေးပါတဲ့ အဆင့်မြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းအများစုကို ထောက်ပံ့ပေးတဲ့နိုင်ငံအဖြစ် ထိုင်ဝမ်ရဲ့ အရေးပါမှုကို သူက ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

လိုင်ရဲ့ အစိုးရဟာ အဓိကစက်မှုလုပ်ငန်းငါးခုကို အာရုံစိုက်သွားမယ်လို့ သူက ပြောဆိုပြီး တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ AI၊ စစ်တပ်၊ လုံခြုံရေးနဲ့ ထောက်လှမ်းစောင့်ခြင်း၊ မျိုးဆက်သစ် ဆက်သွယ်ရေးကဏ္ဍတို့ဖြစ်တယ်လို့ ဆိုပါတယ်။

လိုင်ဟာ တိုင်ပေမြို့လယ်ရှိ ဂျပန်ကိုလိုနီခေတ် သမ္မတရုံးအဆောက်အအုံမှာ အစောပိုင်းက ကျမ်းကျိန်ဆိုမှုလုပ်ခဲ့ပြီး ၈ နှစ်ကြာ သမ္မတတာဝန်ယူခဲ့သူ ဆိုင်အင်းဝမ်ထံမှ အာဏာလွှဲပြောင်းရယူခဲ့ပါတယ်။

Ref: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here