တိုက်ပွဲကြောင့် (၄)ရက်ကြာ ယာယီပိတ်ထားရသည့် ရန်ကုန် -ထားဝယ်-မြိတ် လမ်းပိုင်း ယနေ့ ပြန်လည် သွားလာခွင့်ပြု ပြီဖြစ်ဟု ဆို

0
88

တနင်္သာရီတိုင်းအတွင်းရှိ တိုက်ပွဲများကြောင့် (၄)ရက်ကြာ ယာယီပိတ်ထားရသည့် ရန်ကုန်- ထားဝယ် -မြိတ် လမ်းပိုင်းအား ယနေ့ မေ (၉)ရက် နံနက်ပိုင်း၌ ပြန်လည်သွားလာခွင့်ပြုဖြစ်ပြီကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့တွင် လမ်းပိုင်းအား ဖြတ်သန်းခွင့်ပြုထားပြီဖြစ်သော်လည်း ယခင်ရက်က တန်းစီစောင့်ဆိုင်းနေကြရသည့် ဒေသတွင်း ခရီးသွားကား၊ ကိုယ်ပိုင်ယာဉ်များနှင့် ကုန်ကား အရေ အတွက် များပြားခြင်း‌ကြောင့် လမ်းပိတ်ဆို့မှုများဖြစ်ပွားနေကြောင်းလည်း သိရသည်။

မြိတ်-ထားဝယ် လမ်းပိုင်းအား ပြန်လည်ဖွင့်ပေးပြီဖြစ်သော်လည်း မြိတ်-ဘုတ်ပြင်း၊ မြိတ်-ကော့သောင်း လမ်းပိုင်းများအား ယာယီ ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကော့သောင်းသို့ သွားရောက်မည့် ခရီးသွားများအနေဖြင့် မြိတ်မှတဆင့် စက်လှေဖြင့် ဘုတ်ပြင်းသို့ သွားရမည်ဖြစ်ကာ ဘုတ်ပြင်းမှ တစ်ဆင့် ကော့သောင်းသို့ ကားဖြင့် ဆက်လက် သွားရောက်နိုင်ကြောင်း သိရသည်။

“မြိတ် – ကော့သောင်းလိုက်ပါမယ့်သူ‌တွေ မြိတ် – ဘုတ်ပြင်း စက်လှေစီးပြီး ဘုတ်ပြင်း ၊ ကော့သောင်းကို ကားနဲ့ဆက်သွားလို့ရပါတယ်။ မြိတ် – ထားဝယ် – ရန်ကုန်လမ်း ဒီနေ့မ နက်ပိုင်းက ဖွင့်ပေးလိုက်ပါပြီ။ မြိတ် – ဘုတ်ပြင်း စက်လှေက အမှတ် (၁)ဘောတံတားကနေ ထွက်ပါတယ်။ အသေးစိ တ်ကို တံတားမှာ စုံစမ်းလို့ရပါတယ်။ လောလောဆယ်တော့ မြိတ် – ကော့သောင်း ကမ်းရိုးတန်း အမြန်ရေယာဉ်ပြေးဆွဲ ခြင်းမရှိသေးပါဘူး”ဟု ဒေသခံတစ်ဦးက ဆိုသည်။

ထို့အပြင်  မြိတ် – တနင်္သာရီနှင့် မြိတ် – ပုလောသို့ သွားရော က်မည့်သူများ လက်ရှိအချိန်အထိ မောတောင်လမ်းဘက်မှ သွားရောက်၍ ရကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းခရိုင်၊မဏ္ဍိုင်မြို့နယ်အစပ်ရှိ ပွိုင့်ဝမ်းဇီးရိုးတူးဇီးရိုး(၁၀၂၀)နေရာတစ်ဝိုက်တွင် ပြီးခဲ့သော ဧပြီလ (၂၉) ရက်နေ့မှစတင်၍ တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ရန်ကုန် – ထားဝယ် – မြိတ် – ကော့သောင်း ပြည်ထောင်စုမလမ်းကြီးမှာ ယာယီဖြတ်သန်းခွင့် ပိတ်ထားရခြင်းဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here