နေပေါ်တွင် မုန်တိုင်းများ ပြင်းထန်စွာတိုက်ခတ်လျှက်ရှိ

0
87

မေလ၇ ရက်နေ့ အရှေ့တိုင်းစံတော်ချိန် ည ၉ နာရီ ၄၂ မိနစ်မှ စတင်ပေါ်ပေါက်ခဲ့သော နေမုန်တိုင်း AR3663 နှင့် မေလ ၈ ရက်နေ့ နံနက် ၁ နာရီ ၈ မိနစ်တွင် ထပ်မံပေါ်ပေါက်ခဲ့သော နေမုန်တိုင်း AR3664 တို့သည် ပြင်းထန်သော မီးလျှံများကို ထုတ်လွှတ်နေလျှက်ရှိကြောင်း အာကာသလေ့လာစောင့်ကြည့်ရေး ဌာနများက သတင်းထုတ်ပြန်ထားသည်။

ယင်းနေမုန်တိုင်းများသည် ၁၈၅၉ ခုနှစ်က ပေါ်ပေါက်ခဲ့သော အကြီးမားဆုံး နေမုန်တိုင်းထက်ပင် ပိုမိုကြီးမားသဖြင့် နှစ်ပေါင် ၁၆၅ နှစ်အတွင်း အပြင်းထန်ဆုံး နေမုန်တိုင်းများဟု သတ်မှတ်ထားကြသည်။

SpaceWeather dot com မှ သတိပေးချက် အရဆိုလျှင် ယင်းနေမုန်တိုင်းများကြောင့် ဖြစ်ပေါ်လာသည့် ပြင်းထန်သော လျှပ်စစ်သံလိုက်လှိုင်းဖြာထွက်မှုများသည် ကမ္ဘာဆီသို့ ဦးတည်ဖြာထွက်နေသဖြင့် ကမ္ဘာပေါ်ရှိ ရေဒီယိုဆက်သွယ်ရေးစံနစ်များကို အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်း သိရသည်။ အဆိုပါ ဖြာထွက် လျှပ်စစ်သံလိုက်လှိုင်းများငည် မေလ ၁၀ ရက်နေ့နှောင်းပိုင်းတွင် ကမ္ဘာကို လာရောက်ရိုက်ခတ်မည်ဖြစ်ပြီး၊ မေလ ၁၁ ရက်နေ့တွင် နေပေါ်၌လည်း ဘူမိသံလိုက်လှိုင်း မုန်တိုင်းများ ထပ်မံတိုက်ခတ်ဦးမည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here