(၅) လအတွင်း ဆန်စပါးသိုလှောင်ရုံ (၆၀၀) ကျော်မှတ်ပုံတ င်ထား

0
330

(၅)လတာကာအတွင်း ဆန်စပါးသိုလှောင်ရုံ (၆၀၆) လုံး မှတ် ပုံတင်ထားပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝ ယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်တွင်း ဆန်စပါးဖူလုံရေး ၊ ပြည်ပသို့ စနစ်တကျ တင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေး နှင့် ဆန်စပါးသိုလှောင်မှု အခြေအနေများကို စနစ်တကျ စာရင်းပြုစုမှတ်ပုံတင်ထားနိုင်ရေး၊ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်ကို ဖော်ဆောင်နိုင်ရေးတို့အတွက် ပြည်တွင်း၌ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းများအနေဖြင့် Online Registration စနစ်ဖြင့် Myanmar Rice Online (MyRo) – www.myro.com.mm တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၃) ရက်မှစတင်၍ မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးကြေညာထားပြီးဖြစ်သည်။

ယင်းသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်မေလ (၆) ရက်အထိ Myanmar Rice Online (MyRo) -www.myro.com. mm တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ (၉၄) ခု၏ သိုလှော င်ရုံ (၁၉၇) လုံး၊ လူပုဂ္ဂိုလ် (၂၂၁) ဦး၏ သိုလှောင်ရုံ (၄၀၉) လုံး၊ စုစုပေါင်း သိုလှောင်ရုံ အရေအတွက် (၆၀၆) လုံးမှတ် ပုံတင်ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ စီးပွားရေးလုပ်ငန်းအလို့ငှာ ဆန်တန်ချိန် (၅၀) သို့မဟုတ် စပါးတင်း (၅၀၀၀) နှင့်အထက် သိုလှောင်သည့်ဆန်စပါးသိုလှောင်ရုံ ပိုင်ဆိုင်သူများအနေဖြင့် မိမိတို့၏ သို လှောင်ရုံများကို Myanmar Rice Online (MyRo) – www. myro.com.mm တွင် မဖြစ်မနေမှတ်ပုံတင်ရန် ထပ်မံအသိ ပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here