အမေရိကန်ကွန်ဂရက်လွှတ်တော်က ICC အပေါ် ပိတ်ဆို့အရေးယူရန် စဉ်းစားနေ

0
128

“ICC သည် အစ္စရေး သို့မဟုတ် အမေရိကန်အပေါ် တစ်စုံတစ်ခုဆုံးဖြတ်ရန် အခွင့်အာဏာမရှိပါ၊ ICC၏ တရားမ၀င် အခြေအမြစ်မရှိသော ဆုံးဖြတ်ချက်သည် တစ်ကမ္ဘာလုံး၏ ရှုတ်ချမှုကို ရင်ဆိုင်ရမည်”

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုအား ဖမ်းဝရမ်းထုတ်ပါက နိုင်ငံတကာ ရာဇ၀တ်ခုံရုံး(ICC)အား အရေးယူပိတ်ဆို့မှုများ ချမှတ်ရန်အတွက် အမေရိကန်လွှတ်တော်အမတ်များက စဉ်စားနေကြောင်း အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်က ပြောကြားခဲ့သည်။

“အဲဒီကိစ္စနဲ့ပတ်သက်လို့ အိမ်ဖြူတော်က ဘာမှအသံမထွက်ပဲ ခေါင်းဆောင်မှု မရှိတဲ့အခါ၊ ကွန်ဂရက်လွှတ်တော်က ICC ကို အပြစ်ပေးဖို့နဲ့ ICC အမိန့်ချမှတ်မှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို သေချာပေါက် စစ်ဆေးဖို့ရယ်၊ ICC ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ အပါအဝင် တခြားလုပ်စရာအားလုံးကို ကွန်ဂရက်က ပြန်လည် စဉ်းစားသုံးသပ်နေပါတယ်။ တကယ်လို့သာ ICC က အစ္စရေးခေါင်းဆောင်တွေကို ခြိမ်းခြောက်ဖို့ ခွင့်ပြုခဲ့မယ်ဆိုရင်၊ အမေရိကန်ရဲ့ အရေးယူမှုတွဟာလဲ ဖြစ်လာနိုင်တယ်” မိုက်ဂျွန်ဆင်ကပြော သည်။

“ICC သည် အစ္စရေး သို့မဟုတ် အမေရိကန်အပေါ် အခွင့်အာဏာမရှိပါ၊ ICC၏ တရားမ၀င် အခြေအမြစ်မရှိသော ဆုံးဖြတ်ချက်သည် တစ်ကမ္ဘာလုံး၏ ရှုတ်ချမှုကို ရင်ဆိုင်ရမည်” ဟု ကွန်ဂရက်လွှတ်တော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် အစ္စရေး ကာကွယ်ရေးဝန်ကြီး ယို့ဗ်ဂဲလန့်တို့အပြင် ဟားမတ်စ်ခေါင်းဆောင် ၃ဦး တို့ကို ဖမ်းဝရမ်းထုတ်ရန် ICC တရားလိုရှေ့နေ ကာရင်ခန်း က မေလ ၂၀ ရက်နေ့က ICC ကို တောင်းဆိုလိုက်သည်။ လက်ရှိ ခိုင်မာသော အထောက်အထားများအပေါ် အခြေခံ၍ တရားစွဲဆိုမှုတွင် နေတန်ယာဟုနှင့် ဂဲလန့် တို့သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့မှစတင်၍ ဂါဇာတွင်ကျူးလွန်ခဲ့သော စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် တာဝန်ရှိသည်ဟု ယုံကြည်ရန် ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက်ရှိကြောင်း ကာရင်ခန်းက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here