ယခုတစ်ပါတ် စားအုန်းဆီရည်ညွှန်းဈေး  ကျပ် ၁၀၀ ကျော်ကျဆင်းလာ

0
176

ယခုတစ်ပါတ်အတွက် သတ်မှတ်ထုတ်ပြန်ထားသည့် စားအုန်းဆီရည်ညွှန်းဈေးသည် တစ်ပိဿာ ၅၂၂၀ ကျပ်ဖြစ်ပြီးအဆိုပါ ရည်ညွှန်းဈေးသည် ယခင်တစ်ပါတ်ထက် ၁၂၀ ကျပ်ကျဆင်းခဲ့သည်။

ပြီးခဲ့သည့် တစ်ပါတ်တွင် သတ်မှတ်ထုတ်ပြန်ထားသည့် စားအုန်းဆီရည်ညွှန်းဈေးသည် တစ်ပိဿာ ၅၃၄၀ ကျပ်ဖြစ်သည်။

ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၉) ရက်မှ မေလ (၅)ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေ ခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၅၂၂၀ ကျပ် ဖြစ်ကြောင်းထုတ်ပြန်ကြေညာထား သည်။

ပြည်တွင်း၌ စားအုန်းဆီလိုအပ်ချက်မှာ နှစ်စဉ် (၁) သန်းခန့်ရှိပြီး နှစ်စဉ်တန်ချိန် (၆) သိန်းမှ (၇) သိန်း ကြားကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ တင်သွင်းလျက်ရှိကာ စားအုန်းဆီအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းပေါင်း (၈၀၀) ခန့် သုံးစွဲနေရကြောင်း သိရသည်။

ပြည်တွင်း ဈေးကွက်အတွင်း စားအုန်းဆီများကို ဝိသမ လောဘဖြင့် ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမျိုးရှိနေသည်ကို တွေ့ရှိရသည့် အတွက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ အသိပေးထားသ ည်။


LEAVE A REPLY

Please enter your comment!
Please enter your name here