ကင်ညာ၌ ဆည်ကျိုး ၊ လူ ၄၀ ထက်မနည်းသေဆုံးကာ ဒါဇင်နှင့်ချီ၍ ပျောက်ဆုံးနေ

0
80

နိုင်ရိုဘီ၊ဧပြီ ၂၉

ဧပြီလ ၂၉ ရက်၊တနင်္လာနေ့အစောပိုင်းက ကင်ညာနိုင်ငံ‌အနောက်ပိုင်း၌ ဆည်ကျိုးကျမှုကြောင့် လူပေါင်း ၄၀ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ဆည်ရေတိုက်စားသဖြင့် လမ်းပျက်ကာ ဆက်သွယ်ရေးပါပြတ်တောက်သွားကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

ရေကြီးရေလျှံမှုများ မကြာခဏဖြစ်ပွားသည့် Great Rift Valley ဒေသ၏ Mai Mahiu ရှိ Old Kijabe ဆည် ကျိုးကျ၍ မြစ်ရေတက်ခဲ့ကြောင်း ရဲအရာရှိ Stephen Kirui က အေပီသတင်းဌာနသို့ပြောကြားခဲ့သည်ဟုသိရသည်။

ဆည်မကျိုးမီကပင် ကင်ညာ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူပေါင်း ၁၀၀ နီးပါးသေဆုံးခဲ့ပြီး ရေကြီးရေလျှံမှုများကြောင့်လည်း ကျောင်းများဖွင့်လှစ်ချိန်ကိုရွှေ့ဆိုင်းခဲ့ရသည်ဟုသိရသည်။

ကင်ညာ၌ မတ်လလယ်မှစ၍ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဆက်လက်၍လည်း မိုးပိုများလာနိုင်ကြောင်း မိုးလေဝသဌာနကသတိပေးချက်ထုတ်ပြန်ထားသည်။

အရှေ့အာဖရိကဒေသ ဖြစ်သော ကင်ညာ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများကြုံတွေ့နေရကာ တန်ဇန်းနီးယားတွင် လူပေါင်း ၁၅၅ ဦးသေဆုံးခဲ့သကဲ့သို့ အိမ်နီးချင်းဘူရွန်ဒီတွင်လည်း ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၂၀၀,၀၀၀ ကျော်ထိခိုက်ခဲ့ကြောင်းသိရသည်။

ကင်ညာ၌ မိုးအဆက်မပြတ်ရွာသွန်းကာ ရေကြီးရေလျှံမှုများကြောင့် လေဆိပ်များလည်းပိတ်ထားရသကဲ့သို့ စာသင်ကျောင်းများလည်းပိတ်ထားရကာ နေအိမ်များကို စွန့်ခွာတိမ်းရှောင်နေကြရပြီး ကင်ညာသမ္မတ မစ္စတာဝီလျံရူတိုကမူ ရေဘေးသင့်ပြည်သူများအား ေန ​ေရးထိုင်ရေး ကို ကူညီပေးရန်လည်းညွှန်ကြားထားသည်ဟုဆိုသည်။

Source : အေပီ


LEAVE A REPLY

Please enter your comment!
Please enter your name here