အာရှနိုင်ငံအချို့၏ နှစ်သစ်ကူးယဉ်ကျေးမှု ဖလှယ်ပွဲတွင်မြန်မာ့ရိုး ရာအနုပညာ ပစ္စည်းများပြသ

0
44

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် အာရှနိုင်ငံအချို့၏ နှစ်သစ်ကူးအထိမ်းအမှတ်ယဉ်ကျေးမှု ဖလှယ်ပွဲကျင်းပရာ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ မြန်မာ့ရိုးရာအနုပညာပစ္စည်းများနှင့် ခရီးသွားမြှင့်တင်ရေးဆိုင်ရာ လက်ကမ်းစာစောင်များအား ခင်းကျင်းပြသခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာန ထုတ်ပြန်ချက်အရ သိရသည်။

ဧပြီ (၂၆) ရက်တွင် Thang Loi Hotel ၌ Hanoi Union of Friendship Organizations နှင့် ဗီယက်နမ်နိုင်ငံဆိုင်ရာ လာအိုသံရုံးတို့ ပူးပေါင်းကျင်းပသည့် အာရှနိုင်ငံအချို့၏ နှစ်သစ်ကူးအထိမ်းအမှတ် ယဉ်ကျေးမှုဖလှယ်ပွဲ “Friendship Exchange Program to Celebrate Traditional New Year Holidays of Some Asian Countries 2024” ကို ကျင်းပခဲ့သည်။  

အဆိုပါ နှစ်သစ်ကူး အထိမ်းအမှတ် ယဉ်ကျေးမှုဖလှယ်ပွဲသို့ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ သံရုံးယာယီတာဝန်ခံ ဦးစိုးကိုကို၊ စစ်သံမှူး ဗိုလ်မှူးချုပ် မြင့်ထွန်းနိုင်၊ မြန်မာသံရုံးဝန်ထမ်းများနှင့် ဗီယက်နမ် နိုင်ငံရောက် မြန်မာပညာတော် သင်များမှ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

အဆိုပါ နှစ်သစ်ကူးအထိမ်းအမှတ် ယဉ်ကျေးမှုဖလှယ်ပွဲ၌ မြန်မာသံရုံးမှ မြန်မာ့ရိုးရာ အနုပညာပစ္စည်းများနှင့် ခရီး သွားမြှင့်တင်ရေးဆိုင်ရာ လက်ကမ်းစာစောင်များအား ခင်း ကျင်းပြသခဲ့ပြီး အခမ်းအနား တက်ရောက် လာသူများအား  မြန်မာ့ရိုးရာအစားအစာဖြစ်သည့် လက်ဖက်နှင့် မြန်မာလက်ဖ က်ရည်တို့ဖြင့် မိတ်ဆက်တည်ခင်းဧည့်ခဲ့သည်။ 

ထို့ပြင် ယဉ်ကျေးမှုဖလှယ်ပွဲတွင် ဗီယက်နမ်နိုင်ငံရောက် မြန် မာပညာတော်သင် (၂) ဦးမှ ကြွရောက်လာသူ ဧည့်ပရိတ်သတ်များအား နှစ်သစ်ဦး အထိမ်းအမှတ်အဖြစ် သင်္ကြန်မိုးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here