ရွှေအသင်း ရည်ညွှန်းဈေး သိန်း (၄၀) အောက်တွင်သာ ရှိနေသော်လည်း ပြင်ပရွှေဈေး တစ်ကျပ်သား ကျပ် (၄၉) သိန်းကျော်ထိ မြင့်တက်လာ

0
172

မေလ (၁၄) ရက် ညနေပိုင်း ဈေးကွက်ပိတ်ချိန်အထိ တစ်ကျပ်သား ၄,၈၇၅,၀၀၀ ကျပ်သာ ရှိခဲ့သည့် ပြည်တွင်း အခေါက်ရွှေဈေးနှုန်းသည်မေလ (၁၅) ရက် နံနက်ပိုင်းတွင် တစ်ကျပ်သား 

၄၉၂၀,၀၀၀ ကျော်သို့ ရောက်ရှိလာပြီး ၅၀၀၀၀ ကျပ်ဝန်းကျင် ထပ်တိုးမြင့်တက်သွားကြောင်း သိရသည်။

တစ်ဖက်တွင်လည်း ယမန်နေ့ နံနက်ပိုင်း ထုတ်ပြန်သည့် ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးမှာ အခေါက်ရွှေ တစ်ကျပ်သားလျင် ၃၉၉၉၁၀၀ ကျပ်ဖြစ်ပြီး ကျပ်သိဋ်း(၄၀) အောက်၌သာ ဆက်ရှိနေခြင်း ဖြစ်သည်။

အလားတူ ကမ္ဘာ့ရွှေဈေးနှုန်းမှာလည်း ယနေ့ မေလ (၁၅) ရ က် နံနက်ပိုင်း ဈေးကွက်ပေါက်ဈေးမှာ တစ်အောင်စ၂၃၅၈ ဒေါ်လာဖြစ်ပြီး တစ်ပတ်အတွင်း ၅၅ ဒေါ်လာ မြင့်တက်လာသည်ကိုတွေ့ရသည်။

ထို့အတူ အမေရိကန်ဒေါ်လာဈေးနှုန်းမှာလည်း တစ်ဒေါ်လာလျင် မြန်မာကျပ်ငွေ ၄၀၃၀ အထိ စံချိန်တင် မြင့်တက်နေပြီး ယင်းကဲ့သို့ ကမ္ဘာ့ရွှေဈေးတက်ခြင်းနှင့် ဒေါ်လာဈေးတက်လာခြင်းက ပြည်တွင်းရွှေဈေးနှုန်းကိုမြင့်သထက်မြင့်လာအောင် လှုံ့ဆော်ပေးနေသည်။

  ရွှေဈေးနှုန်း ထိန်း​ကြောင်းနိုင်ရန် အဖက်ဖက်ကကြိုးပမ်းခဲ့ကြသော်လည်း contributing factors မှာ များ​နေသဖြင့် အ​ဖြေရှာဖို့မလွယ်​ကြောင်း  မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ 

အသင်းဝင်တစ်ဦးက ပြောသည်။

“အစ်မတို့ သက်တမ်းတလျှောက်ပေါ့ အနှစ် (၃၀) လောက်လုပ်ခဲ့တာ မှာ ​စျေးနူန်း ထိမ်းချုပ်တဲ့နည်းကဘယ်တုန်းကမှလည်း မအောင်မြင်ဘူး။ ဘယ်တော့မှလည်း အောင်မြင်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီလိုမျိုး တက်ခြင်း ကျခြင်းဆိုတာက ကိုယ်တစ် ယောက်တည်း ရှိတာမဟုတ်ဘူးလေ။ အဓိကက ရွှေဈေး နှုန်းဆိုတာ တက်ခြင်းကျခြင်းထက် တည်ငြိမ်နေဖို့ လိုတာပေါ့နော်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် အစိုးရအနေဖြင့် ရွှေရောင်းချခြင်းအား အရေး ကြီးကုန်စည်အနေဖြင့် သတ်မှတ်နိုင်ရေး ဥပဒေရေးဆွဲမှုများ လုပ်ဆောင်နေပြီး ဥပဒေထွက်လာပါက ရွှေဈေးကွက်အား ထိန်းချုပ်သွားနိုင်မည်ဟု ရန်ကုန်ရွှေအသင်း ဥက္ကဋ္ဌက မီဒီယာများကို ပြောကြားထားသည်။

ပြီးခဲ့သည့် လအနည်းငယ်အတွင်းကလည်း ရွှေအရောင်းအဝယ်ပြုလုပ်သူများ အနေဖြင့် ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးဖြင့်သာ အရောင်းအဝယ် ပြုလုပ်ရန်နှင့် အကယ်၍ ရည်ညွှန်းဈေးအတိုင်း မရောင်းနိုင်ပါက အရောင်းအဝယ်ရပ်နားထားရန် ရန်ကုန်ရွှေအသင်းက ညွှန်ကြားချက် ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here