ယူကရိန်းတပ်များပြန်ဆုတ်ခွာနေရ၊  လက်နက်များပေးရန် ဇလန်းစကီးထပ်မံတောင်းဆို

0
128

ကိဗ်၊ဧပြီ ၂၉

ရုရှားသည် ယူကရိန်း၌ စစ်ဆင်ရေးအရှိန်မြှင့်ခဲ့သဖြင့်ယူကရိန်းတပ်ဖွဲ့ဝင်များသည် အင်အားမမျှ၍ နိုင်ငံအရှေ့ပိုင်းရှိ ရွာသုံးရွာမှဆုတ်ခွာခဲ့ရကြောင်း ယူကရိန်းထိပ်တန်းတပ်မှူး တစ်ဦးကဧပြီလ ၂၉ ရက်နေ့၌ ပြောကြားခဲ့သည်။

၎င်း၏ပြောကြားချက်က အမေရိက ကအတည်ပြုပေးခဲ့သည့် အ မေရိကန်ဒေါ်လာ ၆၁ ဘီလျံတန်ဖိုးရှိသော စစ်ရေးအကူအညီရရှိပြီးပါက တည်ငြိမ်သွားနိုင်သည်ဟု ယူဆထားသော ကိဗ်၏ယူဆချက်နှင့်ယိုယွင်းနေသောအခြေအနေကိုမီးမောင်းထိုးပြခဲ့သည်။

ရှေ့တန်းအခြေအနေသည် ပိုဆိုးလာကြောင်း ၎င်းက တယ်လီဂရမ်၌ရေးသားခဲ့ပြီး သမ္မတဇလန်းစကီးကမူ ယူကရိန်း၏အခြေအနေကို လက်ရှိ အခြေအနေအတိုင်းဆက်ထိန်းထားနိုင်ရန်နှင့် ရုရှား၏အစီီအစဉ်များကို ဟန့်တားနိုင်ရန် အနောက်မဟာမိတ်များအနေဖြင့် စစ်ရေးအကူအညီအား မြန်မြန်ဆန်ဆန်ပေးပို့ရန်တောင်းဆိုခဲ့သည်။

ယူကရိန်း၏ တစ်စတစ်စ လက်နက် လျော့နည်း လာသော အခြေအနေအားအခွင့်ကောင်းယူကာ ရုရှားတပ်ဖွဲ့များကလည်း နည်းနည်းချင်းရှေ့တိုးလာနေကြောင်းကိုပါဖော်ပြထားသည်။

ယူကရိန်းက အနောက်အုပ်စုမဟာမိတ်များ၏အကူအညီကို မျှော်လင့်နေသော်လည်း ရုရှားသည် စစ်ရေးအကူအညီများလွယ်လင့်တကူမရစေရန် ယူကရိန်း၏ရထားလမ်းများအားပစ်မှတ်ထားကာ လေကြောင်းမှ တိုက်ခိုက်မှုများကို ပြုလုပ်လျက်ရှိသည်ဟု လည်း ယူကရိန်းထောက်လှမ်းရေးကပြောကြားခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here