MNL League Cup 2024 ဒုတိယ အကျော့အုပ်စုအဖွင့်ပွဲစဉ်များအပြီး အမှတ် ပေးဇယားရပ်တည်မှု ရလာဒ်များထွက်ပေါ်

0
52

မြန်မာနေရှင်နယ်လိဂ် (MNL League Cup 2024) ဒုတိယအကျော့ အုပ်စုအဖွင့်ပွဲစဉ်များအပြီး အမှတ်ပေးဇယားရပ် တည်မှု ရလာဒ်များထွက်ပေါ်လာပြီဖြစ်သည်။

အဆိုပါ အမှတ်ပေးဇယားရပ်တည်မှုများသည် ယခု ဧပြီလ (၂၅ )ရက်မှ (၂၈ )ရက်အထိ ယှဉ်ပြိုင်ကစားခဲ့ကြသည့် အု ပ်စု‌(၄)စု၏ အသင်းအလိုက်ရပ်တည်မှုများဖြစ်သည်။

လက်ရှိတွင် အုပ်စု(A)၌ ရန်ကုန်ယူနိုက်တက်၊ အုပ်စု(B) ရှမ်းယူနိုက်တက်၊ အုပ်စု(C) ဒဂုံစတားယူနိုက်တက်နှင့် အုပ်စု (D) ၌ အား/ကာသိပ္ပံအသင်းတို့ က အသီးသီး ဦးဆောင်ထားနိုင်သည်ကို တွေ့ရသည်။

ပထမအကျော့ ယှဉ်ပြိုင်ကစားမှုအပြီး တွင်လည်း အုပ်စု(A) တွင် ရန်ကုန်ယူနိုက်တက်က ရမှတ် (၁၂) မှတ်ဖြင့် အုပ်စုပ ထမ၊ အုပ်စု(B) တွင် ရှမ်းယူနိုက်တက်အသင်းက ရခိုင်ယူနိုက်တက်နှင့် ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် အုပ်စုပထမနေရာတွင် ရပ်တည်လျက်ရှိသည်။

အလားတူ ဒဂုံစတားယူနိုက်တက်က ရမှတ် (၁၂) မှတ်ဖြင့် အုပ်စု (C ) ကို ဦးဆောင်ထားပြီး အုပ်စု (D) တွင် အား/ကာသိပ္ပံအသင်းက ရမှတ် (၁၀)မှတ်ဖြင့် အုပ်စုပထမနေရာကို ရယူထားခြင်းဖြစ်သည်။

MNL League Cup 2024 ဒုတိယအကျော့ အုပ်စုအလိုက် ပွဲစဉ်များအ‌နေဖြင့် ရွှေပြည်သာယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်၊ မဟာယူနိုက်တက်နှင့် ယူနီဗာစတီလ်ယူနိုက်တက်၊ ရိန်းဘိုး FC နှင့် ရှမ်းယူနိုက်တက်၊ ရခိုင်ယူနိုက်တက်နှင့် Glory Goal FC၊ ငွေကြယ်ပွင့်လေးများနှင့် ဟံသာဝတီယူနိုက်တက်၊ ဒဂုံစတားယူနိုက်တက်နှင့် Dagon Port FC၊ ရက္ခပူရယူနိုက်တက်နှင့် အား/ကာသိပ္ပံ FC၊ မြဝတီယူနိုက်တက်နှင့် သစ္စာအားမာန် FC တို့ ယှဉ် ပြိုင်ကစားခဲ့ကြခြင်းဖြစ်သ ည်။

ပုံစာ – MNL League Cup 2024 ဒုတိယအကျော့အုပ်စုပွဲစဉ်များအပြီး အမှတ်ပေးရပ်တည်မှုဇယား


LEAVE A REPLY

Please enter your comment!
Please enter your name here