ကွန်ဟိန်းမြို့နယ်တွင် အမျိုးသား (၂)ဦး ကားဖြင့် သယ် ဆောင်လာသည့် ငွေကျပ် (၁)ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water)များ ဖမ်းဆီးရမိ

0
258

ရှမ်းပြည်နယ် တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်တွင် အမျိုးသား (၂) ဦးမှ ကားတစ်စီးဖြင့် သယ်ဆောင်လာသည့် ငွေကျပ် ၁.၃၉၇ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Wa ter)များ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့မှ ယနေ့ ဧပြီ (၂၉) ရက် ထုတ်ပြန်ချက်အရ သိရသည်။ 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သက်သေများနှင့်အတူ ကွန်ဟိန်းမြို့နယ်၊ တာကော်ကျေးရွာအနီးတွင် ဧပြီ (၂၆) ရက် ညနေ (၆)နာရီအချိန်က မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။ 

ထိုသို့ စစ်ဆေးစဉ် မိုင်းပျဉ်းမြို့ဘက်မှ ကာလိမြို့ဘက်သို့ စိုင်းထွန်းလှ မောင်းနှင်ပြီး အိုက်ရီ လိုက်ပါလာသည့် TOY OTA CROWN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါး (Happy Water) အလေးချိန် ၁၂.၇ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁.၃၉၇ ဘီလီယံ)နှင့် လက်ကိုင်ဖုန်း (၂) လုံးတို့အား တွေ့ရှိသိမ်းဆ ည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။  

ထို့ကြောင့် စိုင်းထွန်းလှ(၂၆)နှစ် နှင့် အိုက်ရီ(၄၈)နှစ်တို့အား ကာလိနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြော င်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အ ရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ သတင်းထု တ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here