မြန်မာနိုင်ငံနှင့် ကာတာနိုင်ငံတို့အကြား စွမ်းအင်ကိစ္စရပ်များ လျင်မြန်စွာ ပူးပေါင်း‌နိုင်ရေးဆွေးနွေး

0
179

မြန်မာနိုင်ငံနှင့် ကာတာနိုင်ငံတို့အကြား နှစ်နိုင်ငံ စွမ်းအင်ကဏ္ဍဆိုင်ရာကိစ္စရပ်များကို လျင်မြန်စွား ပူးပေါင်းဆောင်ရွက် နိုင်ရန် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ကာတာသံရုံး သံရုံးယာယီ တာဝန်ခံ/ သံအမတ် Dr. Ras hid Adbulla Al-Kuwari ဦးဆောင်သောကိုယ် စားလှယ်အဖွဲ့ကို မေလ (၁၄)ရက် ညနေပိုင်းတွင် နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကာတာနိုင်ငံတို့အကြား နှစ်နိုင်ငံ စွမ်းအင်ကဏ္ဍဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံရှိ ယူရီးယားဓာတ်မြေဩဇာစက်ရုံများ အဆင့်မြှင့်တင်နိုင်ရေး၊ ကုန်းတွင်း၊ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များတွင် နည်းပညာပိုင်းဆိုင်ရာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ သဘာဝဓာတ်ငွေ့ရည်နှင့် စပ်လျဉ်း၍ ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို လျင်မြန်စွာစတင်နိုင်ရေးအတွက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here