ရွှေပြည်သာမြို့နယ် အမှတ် (၄)လမ်းမတွင် တွဲကားနှင့် ဘေး တွဲဆိုင်ကယ် တိုက်မိပြီး ဘေးတွဲဆိုင်ကယ်မောင်းနှင်သူ နေ ရာမှာတင် အသက်ဆုံးရှုံး

0
43

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၄) လ မ်းမကြီးရှိ အုတ်ဖိုမှတ်တိုင်အနီးတွင် တွဲကားနှင့် ဘေးတွဲဆို င်ကယ် တိုက်မိရာမှ ဘေးတွဲဆိုင်ကယ်မောင်နှင်သူ အသက်ဆုံးရှုံးခဲ့ကြောင်း ရွှေပြည်သာမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ 

ယနေ့ မေလ (၁၅) ရက်၊ နံနက် (၇) နာရီအချိန်ခန့်က ရွှေပြည်သာမြို့နယ်၊ အမှတ် (၄) လမ်းမကြီးရှိ အုတ်ဖိုမှတ်တိုင်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ရွှေပြည်သာ မြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ ကူညီရန်သွားရောက်ခဲ့ကြော င်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဘေးတွဲဆိုင်ကယ်မော င်းသူမှာ နေရာမှာတင် ပွဲချင်းပြီးအသက်ဆုံးရှုံးခဲ့ရပြီး လမ်း မပေါ်တွင် ဘေးတွဲဆိုင်ကယ်မောင်းသူ၏ အသားစများ ပြန့် ကျဲနေသည့်အတွက် ရွှေပြည်သာမြို့နယ် အရန်မီးသတ်တ ပ်ဖွဲ့မှာ ရေဖြင့် ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here