ယခုဘဏ္ဍာနှစ်အတွင်း ရေထွက်ကုန်တင်ပို့မှုမှ ဒေါ်လာသန်း ၈၀၀ ကျော်ရရန် မျှော်မှန်းထား

0
58

ယခု ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော် ရရှိနိုင်ရန် မျှော်မှန်းထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့်  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရေထွက်ကုန် တန်ချိန် ၅ သိန်း၂ သောင်းကျော် တင်ပို့နိုင်ခဲ့ပြီး ဒေါ် လာသန်း ၇၃၀ နီးပါး ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို ပုံမှန်ကုန်သွယ်ရေး Normal Trade နှင့် နယ်စပ်ကုန်သွယ်ရေး Border Trade လမ်းကြောင်းများမှ တဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်သည်။

မြန်မာ့ရေထွက်ကုန်များကို ပုံမှန်ကုန်သွယ်ရေးအဖြစ် ဂျပန်နှင့် ဥရောပနိုင်ငံများ အပါအဝင် တရုတ်၊ ထိုင်းနှင့် အိမ်နီး ချင်းနိုင်ငံထံသို့ မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်၊မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းများမှ ငါး၊ ပုစွ န်၊ ဂဏန်း စသည့်ရေထွက်ကုန်များကို ပုံမှန်တင်ပို့နေခြင်းဖြစ်သည်။ 

မြန်မာတစ်နိုင်ငံလုံးတွင် ငါးနှင့်ပုစွန် မွေးမြူသည့်ကန်ပေါင်း (၄၈၀,၀၀၀) ရှိပြီး  အအေးခန်း သိုလှောင်ရုံပေါင်း  (၁၂၀) ကျော်ရှိကြောင်း ငါး၊ ပုဇွန်မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။ 

ပြည်ပသို့ ငါးတင်ပို့မှုတွင် ငါးသလောက်၊ ကတ်ကတစ်၊ ငါး မြစ်ချင်း၊ ငါးခုံးမ၊ ငါးတန်စသည့် အမျိုးအစား (၂၀)ကျော်ကို နိုင်ငံပေါင်း (၄၀) သို့ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here