မဲဆောက်မြို့တွင် မိခင်ဖြစ်သူကို သ- တ်၍ မီးရှို့အလောင်းဖျောက်သူ မြန်မာနိုင်ငံသားတစ်ဦးကို  ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး

0
56

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထားကြောင်း ထိုင်းသတင်းဌာနများနှင့် မဲဆောက်အခြေစိုက် သတင်းဌာနအချို့၏ ဖော်ပြထားချက်အရ သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ  မေ(၁၃) ရက် နံနက်ပိုင်းက မဲဆောက်မြို့ ၊ဟွေ့မွမ့်ကျေးရွာ၊ ဆူးပုတ်စက်ရုံအနီးရှိ နေအိမ်တစ်အိမ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် (၂၃) နှစ်အရွယ် နိုင်မင်းထွေးဆိုသူက အသက် (၄၉) နှစ်အရွယ် မိခင်အရင်းဖြစ်သူထံ မုန့်ဖိုးတောင်းရာ မရသဖြင့် ဓားဖြင့်ထိုးသတ်၍ နေအိမ်ခြံဝန်းအတွင်း မီးရှို့အလောင်းဖျောက်ဖျက်ခဲ့သည့်ဖြစ် စဉ်တစ်ခုဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်အတွက် ဖခင်ဖြစ်သူက ဖမ်းဆီးအရေးယူပေးရန် မဲဆောက်ရဲတပ်ဖွဲ့အား အကြောင်းကြားခဲ့ပြီးနောက် မဲဆောက်ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်ခဲ့သူ နိုင်မင်းထွေးဆိုသူအား အခင်းဖြစ်ပွားသည့်နေ့ ညနေပိုင်းအချိန်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူအား မဲဆောက်ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ထိုင်းနိုင်ငံဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here