အမေရိကန်၏ ထောက်ခံမှုကို နောက်လာမည့် ၁၀ နှစ်အထိ ရရှိစေရန် စေ့စပ်ညှိနှိုင်းမည်ဟု ဇလန်းစကီးဆို

0
119

လာမည့်ဆယ်နှစ်အထိ အမေရိကန်၏ စစ်ရေး၊ ဘဏ္ဍာရေးနှင့် အခြားသော ပံ့ပိုးကူညီမှုများ ရရှိစေရန် ညှိနှိုင်းနေကြောင်း ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လင်စကီးက ပြောကြားသည်။

“ဒီနေ့မှာတော့ ယူကရိန်းနဲ့ အမေရိကန်တို့ရဲ့ လုံခြုံရေးဆိုင်ရာ နှစ်ဖက်သဘောတူစာချုပ် လက်မှတ်ရေးထိုးဖို့အတွက် ကျွန်တော်တို့အဖွဲ့တွေ လုပ်ဆောင်နေပါတယ်။ အသုံးအနှုန်းကအစ ခိုင်မာအောင် လုပ်ဆောင်နေပါပြီ။ “ကျွန်တော်တို့ရဲ့ လုံခြုံရေး၊ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုရဲ့ ခိုင်မာတဲ့ အခြေခံအကြောင်းတွေကို ဆွေးနွေးနေပါတယ်။ ယခုနှစ်ကနေ  နောက်လာမယ့် ဆယ်နှစ်အထိ စစ်ရေး၊ ဘဏ္ဍာရေးနဲ့ နိုင်ငံရေးဆိုင်ရာ ပံ့ပိုးကူညီမှုများအပြင် လက်နက်တွေ ပူးတွဲထုတ်လုပ်ဖို့ အတွက်တွေလဲ ပါဝင်မှာပါ” ဟု သူ၏ တယ်လီဂရမ်ချန်နယ်တွင် တင်ထားသည့် ဗီဒီယိုမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ဇလန်းစကီး ၏အဆိုအရ အခြားမဟာမိတ်များနှင့်လည်း အလားတူ သဘောတူညီချက်များ လက်မှတ်ရေးထိုးရန်ထက် အမေရိကန်နှင့် လက်မှတ်ရေးထိုးခြင်းကို “အထူးခိုင်မာအားကောင်းစေလိုကြောင်း” သိရသည်။

၂၀၂၃ ခုနှစ်နွေရာသီက လစ်သူယေားနီးယားနိုင်ငံ ဗီလ်နီးယပ်စ်မြို့တွင် ပြုလုပ်ခဲ့သော ထိပ်သီးအစည်းအဝေးတွင်၊ အနောက်နိုင်ငံ ခုနစ်နိုင်ငံအုပ်စုသည် ယူကရိန်းနှင့် လုံခြုံရေးအာမခံသဘောတူညီချက်များလက်မှတ်ရေးထိုးမည့် အစီအစဉ်ကိုကြေငြာခဲ့သည်။ အချို့သော သဘောတူညီချက်များကို ဗြိတိန်၊ ဂျာမနီ၊ ဒိန်းမတ်၊ အီတလီ၊ ကနေဒါ၊ လတ်ဗီးယား၊ နယ်သာလန်၊ ဖင်လန်နှင့် ပြင်သစ်တို့နှင့် ချုပ်ဆိုထားပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here