အာလူးဈေး ကျနေ၍ တောင်သူများ အရှုံးပေါ်နေ

0
91

ရှမ်းပြည်နယ်တောင်ပိုင်းမှ ထွက်ရှိသည့် အာလူးဈေးများအဆမတန်ဈေးကျနေသည့်အတွက် တောင်သူများအရှုံးပေါ်နေကြောင်း အောင်ပန်းရှိ အာလူးပွဲရုံများမှ စုံစမ်းသိရှိရသ ည်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ နောင်တရား၊ တီကျစ်၊ အောင်ပန်းမြို့နယ်တို့မှ ထွက်ရှိသည့် အာလူးများမှာ ယခင်က အမျိုးအစားအလိုက် တပိဿာ ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ ရခဲ့ပြီး ယခုအခါ ထက်ဝက်ဝန်းကျင်သာ ဈေးရရှိနေကြောင်း သိရသည်။

ယခုနှစ်တွင် မျက်နီ S-2 –S1 အကြီးအသေးရော တပိဿာ (၂,၂၀၀) ကျပ်၊ မျက်နီ S-1 တပိဿာ (၂,၀၀၀) ကျပ်၊ မျက်နီ OK တပိဿာ (၁,၈၀၀) ကျပ်၊ မျက်နီ A1 တပိဿာ (၁,၃၀၀) ကျပ်၊ မျက်နီ A1-ဆွဲ  တပိဿာ (၁,၂၀၀)ကျပ်၊ မျက်နီ ဂေါ် လီဆိုဒ် တပိဿာ (၉၀၀) ကျပ်၊ မားကီစ် S-2 တပိဿာ(၂,၅ ၀၀) ကျပ် (အကြော်သီး) မားကီစ် S-1 တပိဿာ (၂,၅၀၀) ကျပ် (အကြော်သီး) ဈေးသာရရှိကြောင်း သိရသည်။

” ဒီနှစ်စျေးက အရမ်းကျသွားတယ်။ ၄၀၀၀ ကျော်ကနေ  ၂၀၀၀ အထိ ကျသွားတယ်။ အရင်းတောင်ပြန်မရဘူး။ အရင်းက အရမ်းကြီးတယ်။ ဖြန်းတဲ့ဆေးဖိုးရော၊ မြေသြဇာဖိုးရော၊ လူငှားခရော စျေးအရမ်းကြီးတယ်။ အရင်းတောင်ပြန်မရဘူး။ ကြာကြာသိုလှောင်လို့လည်းမရဘူး။ အဲဒါကြောင့် အရှုံးနဲ့ပဲ ရောင်းနေရတာ”ဟု အာလူးစိုက်တောင်သူတစ်ဦးက ပြောသည်။

အာလူးကို မိုးရာသီနှင့် နွေရာသီတွင် စိုက်ပျိုးကြပြီး ရန်ကုန်၊ မန္တလေး၊ မူဆယ်၊ မြဝတီနှင့် ပြည်ပနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့သို့ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသ ည်။

” ပြည်ပဝယ်လက်လည်း မရှိတော့ဘူး။ လမ်းကြောင်းအခြေ အနေတွေက မကောင်းတော့ မပို့ရဘူး။ အဲဒါကြောင့်ဈေးကျတာလည်း ပါတယ်” ဟု အာလူးကုန်သည် တစ်ဦးကပြော သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here