ရေကြီးမှုတွေဖြစ်နေတဲ့ ကွမ်ကျိုးမြို့မှာ လေဆင်နှာမောင်းဝင်မွှေလို့ လူ ၅ ဦး ‌ေ-သဆုံးကာ ၃၃ ဦး ဒဏ်ရာရ

0
67
An aerial view taken on April 28, 2024 shows destroyed and damaged buildings in an affected area after a tornado hit Guangzhou, in Southern China's Guangdong province. - At least five people were killed and 33 injured after a tornado struck the Chinese city of Guangzhou on April 27, state media reported. (Photo by CNS / AFP)

လူဦးရေ ၁၉ သန်းခန့်နေထိုင်ရာ တရုတ်နိုင်ငံတောင်ပိုင်းမြို့ကြီး ကွမ်ကျိုးမှာ စနေနေ့က လေဆင်နှာမောင်းတစ်လုံး ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် လူ ၅ ဦးထက်မနည်း‌ေ-သဆုံးကာ ၃၃ ဦး ဒဏ်ရာရခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဋ္ဌာနက ဖော်ပြပါတယ်။

လူနေအိမ်တွေ ပြိုကျတာမျိုးမဖြစ်ခဲ့ပေမယ့် စက်ရုံအဆောက်အအုံ ၁၄၁ လုံးလောက် ထိခိုက်ပျက်စီးမှုဖြစ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောဆိုကြောင်း ဆင်ဟွာက ဖော်ပြပါတယ်။ ပဏာမတွက်ချက်မှုတွေအရ ဝင်ရောက်ခဲ့တဲ့ လေဆင်နှာမောင်းဟာ ပြင်းထန်အဆင့် ၃ ဖြစ်တယ်လို့ ဆိုခဲ့ပြီး အပြင်းဆုံးအဆင့်က အဆင့် ၅ ဖြစ်ကြောင်း သိရပါတယ်။

လေဆင်နှာမောင်း ဝင်ရောက်ခဲ့ရာနေရာကနေ ၁.၇ မိုင်ခန့်အကွာမှာရှိတဲ့ Baiyun ခရိုင် Liangtian ကျေးရွာရှိ မိုးလေဝသဋ္ဌာနက လေဆင်နှာမောင်းရဲ့ အမြင့်ဆုံးလေတိုက်နှုန်းဟာ တစ်စက္ကန့်ကို ၂၀.၆ မီတာရှိတယ်လို့ ဆိုခဲ့ပါတယ်။

တောင်ပိုင်းကွမ်တုံပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ကွမ်ကျိုးမှာ လေဆင်နှာမောင်းဝင်ရောက်အပြီး ရှာဖွေကယ်ဆယ်မှု လုပ်ငန်းတွေကို ည ၁၀ နာရီလောက်မှာ အဆုံးသတ်ခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်တောင်ပိုင်းမှာ ရက်ပေါင်းများစွာ မိုးကြီးမှုတွေကြောင့် လူအ‌ေ-သအပျောက်ရှိတဲ့ ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်နေစဉ် လေဆင်နှာမောင်းဝင်မွှေခဲ့တာလည်းဖြစ်ပါတယ်။ ရေကြီးရေလျှံမှုတွေဟာ လူသန်းပေါင်းများစွာရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိနေပြီး ကယ်ဆယ်ရေးသမားတွေက ရေမြုပ်ဒေသတွေရှိ ဒေသခံတွေကို အလျင်စလို ကယ်ဆယ်မှုတွေလုပ်ဆောင်နေခဲ့ပါတယ်။

လူဦးရေ ၁၂၇ သန်းနေထိုင်ရာ စီးပွားရေးအင်အားကြီး ကွမ်တုံပြည်နယ်မှာ နေရာအနှံ့ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နေပြီး လူပေါင်း ၁၁၀၀၀၀ ကျော်ကို ရေဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဒေသန္တာရအစိုးရကို ကိုးကားပြီး နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

ယခုသီတင်းပတ် အစောပိုင်းမှာ နိုင်ငံပိုင် မီဒီယာရဲ့ သတင်းထုတ်ပြန်ခဲ့မှုအရ ကွမ်တုံပြည်နယ်မှာ ရေကြီးမှုတွေကြောင့် လူ လေးဦး ‌ေ-သဆုံးခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

Ref: Wral, ဆောက်ချိုင်းနားမောနင်းပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here