သင်္ကြန်ရေပက်ခံကား တိမ်းမှော-က်မှုကြောင့် (၂၁)ဦးဒဏ်ရာရရှိပြီး စိုးရိမ်ရသူ(၁၀)ဦးထိ ပါဝင်

0
95

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့၊ ဘိစခတ်တောင်စွန်းရွာ၌ ယမန်နေ့ ဧပြီ(၁၅)ရက် မွန်းလွဲပိုင်းအချိန်တွင် သင်္ကြန်ရေပက်ခံကားတစ်စီး တိမ်းမှော-က်မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါ လူ(၂၁) ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူ (၂၁)ဦးအနက် အနီရောင်အဆင့် စိုးရိမ်ဒဏ်ရာ ရရှိသူ(၁၀)ဦးအထိ ရှိကြောင်းနှင့် အဝါရောင်အဆင့်လူနာ (၄)ဦး အစိမ်းရောင်အဆင့်လူနာ (၇)ဦးအတို့အား ဘားအံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း ဒေသတွင်းလူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

” သင်္ကြန်ရေပက်ခံထွက်တဲ့ ကားပါ။ ကျွန်တော်သွားကူညီကယ်ဆယ်တော့ ‌ေ-သဆုံးသူမရှိသေးပါဘူး။ စိုးရိမ်ရတဲ့ အခြေအနေရှိတဲ့ ဒဏ်ရာရသူ (၁၀)ဦးတော့ ရှိပါတယ်”ဟု ၎င်း က ရှင်းပြသည်။

တိမ်းမှော-က်သည့် ယာဉ်အမျိုးအစားမှာ Hilux Revo အမျိုးစားယာဥ်ဖြစ်ပြီး၊ ထိခိုက်ပျက်ဆီးမှုများပြီး လူနာများအား ဘားအံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အတွင်း ဒဏ်ရာရရှိသူများကို ဒေသတွင်းလူမှုကယ်ဆယ်ရေး (၁၂)တို့မှ အရေးပေါ်ယာဉ်များဖြင့် အဆင့်ဆင့် သယ်ယူခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here