ကျောက်ခက်သင်္ကြန်ပွဲတော် ရိုးရာလက်ဝှေ့ပွဲ စိုးလင်းဦးနှင့် ဖားဖရပ် ယှဉ်ပြိုင်ထိုးသ-တ်မှု ပူးတွဲသရေ ရရှိ

0
74

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ ကျောက်ခက်ကျေးရွာ၊ ကျောက်ခက်သင်္ကြန်ပွဲတော် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင်ရိုးရာလက်‌ဝှေ့ဖိုက်တာသံမဏိစိုးလင်းဦးနှင့် မွေထိုင်းဖိုက်တာ ဖားဖရပ်တို့ ယှဉ်ပြိုင်ထိုးသ-တ်ရာ ပူးတွဲသရေ ရလဒ်ထွက်ပေါ်ခဲ့သည်။

အဆိုပါ ပွဲစဉ်အား ယမန်နေ့ ဧပြီ(၁၅) ရက် သင်္ကြန်အကြတ်နေ့တွင် ငါးချီယှဉ်ပြိုင်ထိုးသ-တ်ခဲ့ကြခြင်းဖြစ်ပြီး၊ ပွဲပြီးဆုံးချိန်တွင် ပူးတွဲသရေရရှိခဲ့ခြင်းဖြစ်သည်။

ပြိုင်ဘက် မွေထိုင်းဖိုက်တာ ဖားဖရပ်မှာ စိုးလင်းဦးနှင့် နှစ်ကြိမ်ထိုးသ-တ်ဖူးခဲ့ပြီး၊ စိုးလင်းဦးပင်အနိုင်ရရှိခဲ့ကာ ၊ ယနေ့တွေ့ဆုံသည့်ပွဲစဉ်သည် တတိယအကြိမ်ယှဉ်ပြိုင်ထိုးသ-တ်ခြင်းလည်းဖြစ်သည်။

မဟာသက်ြန် နောက်ဆုံးရက်ဖြစ်သော ယနေ့ အတက်နေ့တွင်လည်း ရိုးရာဖိုက်တာတစ်ဦးဖြစ်သူ သွေးသစ်ဝင်းလှိုင်နှင့် အီရန်ဖိုက်တာ အားလီတို့ ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပွဲစဉ်တစ်လျှောက် ရိုးရာလင်ဝှေ့ဖိုက်တာ သပြေညို တွဲဆိုင်းအပါအဝင် အခြားတွဲဆိုင်းများစွာလည်း ပါဝင်ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်သည်။

မြဝတီမြို့ ကျောက်ခက်သင်္ကြန်ပွဲတော်အား ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)ကကြီးမှူး၍သောင်ရင်းမြစ်ကမ်းနဘေးတွင် နှစ်စဉ်ကျင်းပလျက်ရှိပြီး၊ ဒေသခံပြည်သူ ရာနှင့်ချီ၍ လာရောက်လည်ပက် ရေကစားကြသည့်နေရာတစ်ခုလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here