ပါကစ္စတန်၌ မိုးသည်းထန်စွာရွာကာ မိုးကြိုးပစ်၍ ၄၁ ဦး‌ေ-သဆုံး

0
165
Children wade through floodwater near a damaged road following heavy rains on the outskirts of Quetta on April 15, 2024. (Photo by Banaras KHAN / AFP)

လာဟိုး၊ဧပြီ ၁၅

ပါကစ္စတန်နိုင်ငံတစ်ဝန်း၌ မိုးသည်းထန်စွာရွာသွန်းသဖြင့် လူပေါင်း ၄၁ ဦး‌ေ-သဆုံးရာ၌ ၂၈ ဦးသည် မိုးကြိုးပစ်ခံရ၍ ‌ေ-သဆုံးခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

ပါကစ္စတန် နိုင်ငံတော် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ (အင်န်ဒီအမ် အေ) ကလည်း လာမည့်ရက်များအတွင်း မိုးပိုလာမည်ဟု ခန့်မှန်းထားကာ မြေပြိုခြင်းနှင့် ရုတ်တရက်ရေကြီးခြင်းများကိုပါ သတိပေးထားသည်။

ပါကစ္စတန်၏ အကြီးဆုံးနှင့်လူဦးရေအများဆုံးပြည်နယ်ဖြစ်သော ပန်ဂျပ်သည် သောကြာနှင့် တနင်္ဂနွေနေ့ များတွင် မိုးကြိုးပစ်၍ လူ ၂၁ ဦး ‌ေ-သဆုံးကာ အများဆုံး‌ေ-သဆုံးသည့်နေရာအဖြစ်လည်းမှတ်တမ်းဝင်ခဲ့သည်။

“အင်န်ဒီအမ် အေ ကို သက်ဆိုင်ရာပြည်နယ်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့တောင်းဆိုထားပြီး ပျက်စီးသွားတဲ့ ဒေသတွေကို ကယ်ဆယ်ရေးပစ္စည်းတွေထောက်ပံ့ပေးဖို့လည်းညွှန်ကြားထားပါတယ်” ဟု ဝန်ကြီးချုပ် ရှေဘာရှရစ်ဖ် က တနင်္လာနေ့တွင်ပြောကြားခဲ့သည်။

ယခုရာသီဥတုအခြေအနေများကြောင့် နယ်ဘက်ရှိစာသင်ကျောင်းများပိတ်ထားရသကဲ့သို့  လမ်းပန်းဆက်သွယ်ရေးအခက်အခဲများလည်းရှိလာခဲ့သည်။လက်ရှိ‌ေ-သဆုံးသူများအနက် လေးဦးသည် ရာသီဥတုကြောင့်လမ်းပန်းဆက်သွယ်ရေးအဆင်မပြေနေချိန် ယာဉ်မတော်တဆမှုကြောင့်‌ေ-သဆုံးခြင်းဖြစ်ကြောင်းလည်းသိရသည်။

Source : အေအက်ဖ်ပီ/အာရ်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here