Thursday, June 26, 2025

ဂျာမနီနှင့် ဖင်လန်နိုင်ငံတို့မှ ကြက်ခြေနီအသင်းများက ငလျင်တုံ့ပြန်ဆောင်ရွက်ရေးပစ္စည်းများလွှဲ...

ဂျာမနီနိုင်ငံကြက်ခြေနီအသင်းနှင့် ဖင်လန်နိုင်ငံကြက်ခြေနီအသင်းတို့မှ မြန်မာနိုင်ငံကြက်ခြေနီအ သင်းကဆောင်ရွက်လျက်ရှိသော ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၌အသုံးပြုရန် ငလျင်တုံ့ပြန်ဆောင်ရွက်ရေးပစ္စည်းများကို လွှဲပြောင်းပေး အပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ငလျင်တုံ့ပြန်ဆောင်ရွက်ရေးပစ္စည်းများအား ရန်ကုန်လေဆိပ်တွင် ဇွန် ၂၆...

မကြာမီရက်ပိုင်းအတွင်း အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပမည့် ၂၀၂၆ အမျိုးသမီး...

၂၀၂၆ အမျိုးသမီး အာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲပြုလုပ်ရာမှာ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဇွန်(၂၉) ရက်၌ စတင်ကျင်းပတော့မည်ဖြစ်တာကြောင့် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းသည် မိုးထဲရေထဲ အပြင်းအထန်လေ့ကျင့်ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုခြေစစ်ပွဲစဉ်တွင်...

ဝါဆိုလပြည့်နေ့မှစ၍ ရွှေတိဂုံစေတီတော်တွင် တရားပွဲ၊ သီလခံယူပွဲ...

လာမည့် ဝါဆိုလပြည့်နေ့မှစတင်၍ ဝါတွင်းကာလအတွင်းရွှေတိဂုံစေတီတော်မြတ်ကြီးတွင် တရားပွဲ၊ သီလခံယူပွဲ နှင့် ဗုဒ္ဓပူဇနိယပွဲတော်များကျင်းသွားမည် ဖြစ်သည်ဟု သိရသည်။ ကျင်းပရန် စီစဉ်ထားမှုတွင် ဇူလိုင်လ ၉ ရက်(...

နှစ်နှစ်အတွင်း လူကုန်ကူးမှု ၆၇ မှုရှိခဲ့

ပြီးခဲ့သည့် ၂၀၂၄၊ ၂၀၂၅ ခုနှစ်အတွင်း လူကုန်ကူးမှု ၆၇ မှုရှိခဲ့သည်။ ထိုအထဲတွင် ၄၈ မှုသည် တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရသည့်အမှုများ ဖြစ်သည်။ ထိုအချက်အလက်များကို နေပြည်တော်ရှိ...
HomeNewsLocal Newsရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့ တွင်ဆီဝယ်မရဖြစ်နေ

ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့ တွင်ဆီဝယ်မရဖြစ်နေ

ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် ဆီပြတ်လပ်မှုဖြစ်ပေါ်နေပြီး ဝယ်ယူမရဖြစ်နေကြောင်း ‌စုံစမ်းသိရှိရသည်။

မကြာခင် သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလရောက်တော့မည်ဖြစ်သည့်အတွက် ခရီးသွားလာသူများပြားနေပြီး ကြိုတင်ဆီဖြည့်၍ ဝယ်ယူမှုများရှိနေကြောင်းလည်း သိရသည်။

ယနေ့ညပိုင်းအထိ ရန်ကုန်မြို့ရှိစက်သုံးဆီအရောင်းဆိုင်အချို့သည် ဆီကုန်၍ အရောင်းပိတ်ထားပြီး Max ဆီဆိုင်နှင့် Denko ဆီဆိုင်အချို့တွင်သာ ဝယ်ယူ၍ရနေပြီး အချိန်ကြာကြာတန်းစီစောင့်ဆိုင်းဝယ်ရကြောင်း သိရသည်။

စက်သုံးဆီဈေးနှုန်းမှာ အောက်တိန်း ၉၂ တစ်လီတာ ကျပ် ၂,၇၉၅၊ ၉၅ တစ်လီတာ ကျပ် ၂၉၁၅ ၊ ဒီဇယ်တစ်လီတာ ကျပ် ၂,၄၀၀၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၂၄၄၅ ဖြစ်ပြီး ယင်းဈေးနှုန်းသည် သုံးပတ်ဆက်တိုက်ဈေးငြိမ်နေခြင်းဖြစ်သည်။

ယခုရက်ပိုင်းအတွင်း စင်ကာပူနိုင်ငံ၏ MOPS ဈေးနှုန်းသည်မြင့်တက်နေပြီး ယနေ့ ဧပြီလ ၄ ရက်တွင် 92 Ron တစည် ၁၀၂ ဒသမ ၀၁ ဒေါ်လာ၊ 95 Ron ၁၀၆ ဒသမ ၃၆ ဒေါ် လာ၊ 10 PPM တစည် ၁၀၇ ဒသမ ၆၆ ဒေါ်လာရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂျာမနီနှင့် ဖင်လန်နိုင်ငံတို့မှ ကြက်ခြေနီအသင်းများက ငလျင်တုံ့ပြန်ဆောင်ရွက်ရေးပစ္စည်းများလွှဲ ပြောင်းပေးအပ်

ဂျာမနီနိုင်ငံကြက်ခြေနီအသင်းနှင့် ဖင်လန်နိုင်ငံကြက်ခြေနီအသင်းတို့မှ မြန်မာနိုင်ငံကြက်ခြေနီအ သင်းကဆောင်ရွက်လျက်ရှိသော ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၌အသုံးပြုရန် ငလျင်တုံ့ပြန်ဆောင်ရွက်ရေးပစ္စည်းများကို လွှဲပြောင်းပေး အပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ငလျင်တုံ့ပြန်ဆောင်ရွက်ရေးပစ္စည်းများအား ရန်ကုန်လေဆိပ်တွင် ဇွန် ၂၆ ရက်က ဂျာမနီနိုင်ငံကြက်ခြေနီအသင်းမှ Ms. Pone Nyet Khaing နှင့် ဖင်လန်နိုင်ငံကြက်ခြေနီအသင်းမှ Ms.Hannaleena Pölkki တို့မှလွှဲပြောင်းပေးအပ်ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လက်ထောက်အထွေထွေအတွင်းရေးမှူးဒေါ်အိအိထွေးနှင့် တာဝန် ရှိသူများကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါသည်။ ဂျာမနီနိုင်ငံကြက်ခြေနီအသင်းမှ Family Tents , Shelter Tool Kits (Type 1 ,2...

မကြာမီရက်ပိုင်းအတွင်း အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပမည့် ၂၀၂၆ အမျိုးသမီး အာရှဖလား ခြေစစ်ပွဲစဉ်

၂၀၂၆ အမျိုးသမီး အာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲပြုလုပ်ရာမှာ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဇွန်(၂၉) ရက်၌ စတင်ကျင်းပတော့မည်ဖြစ်တာကြောင့် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းသည် မိုးထဲရေထဲ အပြင်းအထန်လေ့ကျင့်ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုခြေစစ်ပွဲစဉ်တွင် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းအနေဖြင့် အုပ်စု(ဂ)၌ အိမ်ရှင်မြန်မာအသင်းနှင့်အတူ အိမ်နီးချင်း ဘင်္ဂလားဒေရှ့်၊ ဗဟိုအာရှအသင်းတစ်သင်းဖြစ်သည့် တက်ခ်မင်နစ္စတန်၊ အရှေ့အလယ်ပိုင်းနိုင်ငံ ဘာရိန်း အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ ယခုခြေစစ်ပွဲသည် အုပ်စုအတွင်း တစ်သင်းတည်းသာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည့်အတွက် ပြိုင်ဘက်အသင်း အားလုံးကို အနိုင်ကစားပြီး အိမ်ကွင်း ပရိသတ်အားပေးမှုနှင့် အခွင့်အရေး ယူသွားနိုင်ရန်လိုအပ်ကြောင်း MFFက မြန်မာပရိတ်သတ်အား နှိုးဆော်ထားသည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းသည်...

ဝါဆိုလပြည့်နေ့မှစ၍ ရွှေတိဂုံစေတီတော်တွင် တရားပွဲ၊ သီလခံယူပွဲ နှင့် ဗုဒ္ဓပူဇနိယပွဲတော်များကျင်းသွားမည်

လာမည့် ဝါဆိုလပြည့်နေ့မှစတင်၍ ဝါတွင်းကာလအတွင်းရွှေတိဂုံစေတီတော်မြတ်ကြီးတွင် တရားပွဲ၊ သီလခံယူပွဲ နှင့် ဗုဒ္ဓပူဇနိယပွဲတော်များကျင်းသွားမည် ဖြစ်သည်ဟု သိရသည်။ ကျင်းပရန် စီစဉ်ထားမှုတွင် ဇူလိုင်လ ၉ ရက်( ဝါဆိုလပြည့်နေ့) တွင် ဓမ္မစကြာအခါတော်နေ့အခမ်းအနား၊ ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားကို ကျင်းပမည် ဖြစ်သည်။ ဩဂုတ်လ ၈ ရက် (ဝါခေါင်လပြည့်နေ့)တွင် မေတ္တာအခါတော်နေ့အခမ်းအနားနှင့် ပန်းပေါင်း ၈၄,၀၀၀ ပူဇော်ပွဲအခမ်းအနား၊ စက်တင်ဘာလ ၆ ရက် (တော်သလင်းလပြည့်နေ့)၌ ဂရုဓမ္မအခါတော်နေ့အခမ်းအနားကို ကျင်းပမည် ဖြစ်သည်။ ထိုနည်းတူ အောက်တိုဘာလ ၅ ရက်(သီတင်းကျွတ်အဖိတ်နေ့) တွင်  သီတင်းကျွတ်မီးထွန်းပွဲတော်အခမ်းအနား၊ အောက်တိုဘာလ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071