မြန်မာ-ရုရှား နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆုတံဆိပ်များ အပြန်အလှန်ပေးအပ်ခြင်း အခမ်းအနားသို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်

0
83

မြန်မာ-ရုရှား နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုအားကောင်းစေရန်အပါအဝင် စစ်ဘက်နှင့်စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ကြိုးပမ်းမှုများအတွက် တပ်မတော်နှစ်ရပ်အကြားဆုတံဆိပ်များ အပြန်အလှန်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ မတ်လ (၂၈) ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီ ရိဗိမာန် ဧည့်ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးကောင်စီ ဥက္ကဋ္ဌ ၊ စစ်သံမှူးနှင့် ရုရှားတပ်မတော်မှ အရာရှိများ တက်ရောက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်ကြော်ငြာစာအမှတ် ၆၄/၂၀၂၄ ဖြင့် ခေတ်မီတပ်မတော် တည်ဆောက်နိုင်ရန် နိုင်ငံတကာ စစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စများဆောင်ရွက်ခဲ့ကြသူများအား (၇၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အနေဖြင့် ဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ အမိန့်အား ယနေ့အခမ်းအနားတွင် ဖတ်ကြားပြခဲ့ကြောင်း သိရသည်။

ယင်းသို့ ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်ရာတွင် သီရိသီဟကျော် တံဆိပ် (၁၅) ဦးနှင့် သီရိသူရကျော်တံဆိပ် (၁၂)ဦးအား များ ပေးအပ် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ယနေ့ အခမ်းအနားတွင် နစက ဥက္ကဋ္ဌက စွမ်းဆောင်ရည်ဆိုင်ရာဘွဲ့တံဆိပ်များ ချီးမြှင့်ခံရသူများအနက် သီရိသီဟကျော်ဘွဲ့တံဆိပ်ရရှိသူအချို့ကို ဘွဲ့တံဆိပ်များ လက်ရောက်ပေး အပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၇) ရက်တွင် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော် ငြာစာအမှတ် (၇၇) အရ နိုင်ငံတကာစစ်ဖက်ပူးပေါင်းဆော င်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး စွမ်းဆောင်ဆုတံဆိပ်နှင့် တိုက်ပွဲဝင် သွေးသောက်စိတ်မြှင့်တင်မှုဆုတံဆိပ်တို့ကို ပေးအပ်ချီးအပ်နှင်းတဲ့အမိန့်ကို ဖတ်ကြားတင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတကာစစ်ဖက်ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး စွမ်းဆောင်ဆုတံဆိပ် ရရှိသည့် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ နစက ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ် ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၊ ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် တပ်မတော်အရာရှိများကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန် ကြီးက တစ်ဦးချင်း ဆုတံဆိပ်များ ‌ချီးမြှင့်ပေးအပ်ခဲ့ကြော င်း သိရသည်။

ထို့နောက် တိုက်ပွဲဝင် သွေးသောက်စိတ်မြှင့်တင်မှုဆုတံဆိပ်ရရှိသည့် ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့် အဆင့်မြင့်တပ်မတော်အရာရှိများကို ဆုတံဆိပ်များ ဆက်လက်ပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here