ကော့ဘိန်း၊ ဓမ္မသကျေးရွာ နှင့် ပတ်ဝန်းကျင်ကျေးရွာများအတွင်း မိုင်းရှင်းလင်းရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်

0
42

တပ်မတော်က ကော့ဘိန်းကျေးရွာနှင့် ဓမ္မသကျေးရွာအနီးပတ်ဝန်းကျင်ကျေးရွာများအတွင်း ယမန်နေ့ ဧပြီ(၂၆)ရက်မှစတင်၍ မိုင်းရှင်းလင်းရေးနှင့် ပြန်လည် ထူထောင်ရေးလုပ် ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း နိုင်ငံပိုင်းသတင်းစာ‌ ၏ ဖော်ပြချက်အရ သိရသည်။

လက်ရှိတွင် အဆိုပါကျေးရွာများ၌ တည်ငြိမ်အေးချမ်းပြီဖြစ်သည့် အတွက် အေးချမ်းစွာနေထိုင်လိုသော ဒေသခံပြည်သူများအနေဖြင့် မိမိကျေးရွာများသို့ စတင်ပြန်လည်ဝင်ရောက်နေထိုင်လာကြပြီဖြစ်ကြောင်းဆိုသည်။

နိုင်ငံပိုင်သတင်းစာ၏ သတင်းဖော်ပြချက်အရ KNLA နှင့် ပူးပေါင်းတပ်များအား တပ်မတော်စစ်ကြောင်းက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး(Counter – Terrorism Operat ion)အား ဧပြီလ (၁၁) ရက်မှစ၍ တန်ပြန်တိုက်ခိုက်ခဲ့ရာ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

ထို့နောက် ဓမ္မသကျေးရွာအား ဧပြီ (၂၂) ရက်တွင်လည်းကောင်း၊ ကော့ဘိန်းကျေးရွာအား ဧပြီလ (၂၅) ရက်တွင်လည်းကောင်း တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဒေသတွင်းပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ (၂၄) ရက်မှစ၍ တပ်မ‌တော်နှင့် KNLA ပူး ပေါင်းတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်းနေအိမ်အချို့လက်နက်ကြီးများကျရောက် ပေါက်ကွဲခဲ့ကာ မီး‌ေလာင်ဆုံးရှုံးမှုများပြားခဲ့သည့်အပြင် ကျေးရွာနေဒေသခံပြည်သူများအနေဖြင့် မော်လမြိုင်နှင့် ဘာအံမြို့များသို့ နေရပ်စွန်ခွာထွက် ပြေးတိမ်းရှောင်လာခဲ့ရခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here