ICC ဆုံးဖြတ်ချက်တွေက အစ္စရေးရဲ့ လုပ်ဆောင်ချက်တွေအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ကြောင်း နေတန်ယာဟု ပြောကြား

0
87

အောက်တိုဘာ ၇ ရက် ဟားမတ်စ်ရဲ့ တိုက်ခိုက်မှုတွေနဲ့ အစ္စရေးရဲ့ ဂါဇာထိုးစစ်ဆင်မှုတွေအပေါ်စုံစမ်းစစ်ဆေးမှုလုပ်နေခဲ့တဲ့ နိုင်ငံတရာ ရာဇဝတ်တရားရုံး ICC ရဲ့ ဆုံးဖြတ်ချက်တွေဟာ အစ္စရေးရဲ့ လုပ်ဆောင်ချက်တွေကို သက်ရောက်မှုရှိလာမှာ မဟုတ်ပေမယ့် အန္တရာယ်ရှိတဲ့ စံနမူနာတစ်ရပ်ကို ချမှတ်လာလိမ့်မယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက သောကြာနေ့မှာ ပြောဆိုပါတယ်။

“ကျွန်တော့်ရဲ့ ဦးဆောင်မှုအောက်မှာတော့ မိမိကိုယ်ကို ကာကွယ်ပိုင်ခွင့်ကို ထိခိုက်ပျက်စီးစေမယ့် သည်ဟိဂ်ရှိ နိုင်ငံတကာ ရာဇဝတ်တရားရုံးရဲ့ ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမျှ အစ္စရေးက လုံး၀ လက်ခံမှာ မဟုတ်ပါဘူး” လို့ တယ်လီဂရမ် ထုတ်ပြန်ချက်တစ်ခုမှာ နေတန်ယာဟုက ပြောဆိုခဲ့ပါတယ်။

သည်ဟိဂ်တရားရုံးက ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေဟာ အစ္စရေးရဲ့ လုပ်ရပ်တွေအပေါ် သက်ရောက်မှုရှိလာမှာ မဟုတ်ကြောင်းနဲ့ စစ်သည်တွေနဲ့ လူထုခေါင်းဆောင်ပိုင်းတွေကို ခြိမ်းခြောက်တဲ့ အန္တရာယ်ရှိသော အစဉ်အလာတစ်ရပ်ကို သူတို့က ချမှတ်သွားလိမ့်မယ်လို့သူက ပြောဆိုပါတယ်။

ဂါဇာမှာ နိုင်ငံတကာ ဥပဒေချိုးဖောက်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး ICC က နေတန်ယာဟုနဲ့ အခြားထိပ်တန်းအရာရှိတွေကို ဖမ်းဝရမ်းထုတ်လာနိုင်ခြေအတွက် အစ္စရေးအနေနဲ့ စိုးရိမ်မှုတိုးလာတယ်လို့ အစ္စရေးနိုင်ငံ ထိပ်တန်းရုပ်သံသတင်းဋ္ဌာနတစ်ခုဖြစ်တဲ့ ချန်နယ် ၁၂ က ပြီးခဲ့တဲ့သီတင်းပတ်မှာ ဖော်ပြခဲ့ပါတယ်။

ဒီအရေးနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ရဲ့ ရုံးမှာ အရေးပေါ် ဆွေးနွေးမှုတစ်ခု လုပ်ခဲ့တယ်လို့လည်း ယင်းသတင်းက ဆိုပါတယ်။ ချန်နယ် ၁၂ ရဲ့ သတင်းဖော်ပြမှုနဲ့ ပတ်သက်လို့ မေးမြန်းမှုတွေကိုတော့ အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက လတ်တလောမှာ တုန့်ပြန်ဖြေကြားခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here