မော်လမြိုင် – ရန်ကုန် ရထားစီးနင်းသူ ခရီးသည်ဦးရေ မြင့်တက်လာ

0
160

မော်လမြိုင် – ရန်ကုန် အမြန်ရထား စီးနင်းလိုက်ပါသည့် ခရီးသွားဦးရေ မြင့်တက်လာလျက်ရှိကြောင်း မော်လမြိုင်ဘူတာကြီးမှ အသိပေးချက်အရ သိရသည်။

အဆိုပါ လမ်းပိုင်းအား မတ်လ(၂၅)ရက်မှစတင်ကာ ပြန်ပြေးဆွဲခဲ့ခြင်းဖြစ်ပြီး စတင်ပြေးဆွဲခဲ့သည့် ရက်တွင် ခရီးသည်ဦးရေ(၉၀)ဦးသာလိုက်ပါ စီးနင်းခဲ့သော်လည်း မတ်လ (၂၆) ရက်အထိ ခရီးသည်ဦးရေ(၂၅၀)ဦးနီးပါး လိုက်ပါးစီးနင်းနေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန် – မော်လမြိုင်နှင့် မော်လမြိုင် – ရန်ကုန် အမြန်ရထားများဖြစ်သည့် (၈၁)အဆန်၊ (၈၂)အစုန်ရထားများကို နေ့စဉ်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် မော်လမြိုင် – ရန်ကုန် သွားမည့်ခရီးသွားများအတွက် အမြန်ရထားလက်မှတ်များကို ရက်ကြိုစနစ်ဖြင့် နေ့စဉ်ရောင်းချပေးနေပြီဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးက အသိပေးထားသည်။

အမြန်ရထားလက်မှတ်များရောင်းချရာတွင် နံနက်(၇)နာရီမှ (၁၂)နာရီအထိ တစ်ကြိမ်၊ နေ့လည်(၁)နာရီမှ (၃)နာရီအထိ တစ်ကြိမ် ရောင်းချပေးလျက်ရှိပြီး အထက်တန်းလက်မှတ်များအား (၃)ရက်ကြိုစနစ်ဖြင့် လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်များကို (၁)ရက် ကြိုစနစ်ဖြင့်လည်းကောင်း ဝယ်ယူနိုင်ကြောင်း သိရသည်။

မော်လမြိုင် – ရန်ကုန်ရထား လမ်းပိုင်းရှိ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြားတွင် မတ်လ(၁၈)ရက်က အမှတ် (၆၈၆) အစုန် ကျောက်သယ်ဆောင်သည့် ရထားတစ်စီး မိုင်းထိမှန်ရာမှ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သည့်အတွက် ယာယီရပ်နားကာ လမ်းပိုင်းအားပြင်ဆင်ပြီးနောက် တစ်ပတ်ခန့် အကြာ မတ်လ (၂၅)ရက်တွင် ပြန်လည်ပြေးဆွဲပေးခဲ့ခြင်းလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here