ထိုင်း – မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၁) ပြည်လည်ဖွင့်လှစ်

0
56

ထိုင်း – မြန်မာ အမှတ်(၁) ချစ်ကြည်ရေးတံတားကို ယနေ့ ဧပြီ (၂၇) ရက် နံနက်ပိုင်းတွင်  ပြည်လည်ဖွင့်လှစ်ထားပြီလိုက်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များ ထံမှ သိရသည်။

မြဝတီမြို့အနီး တိုက်ပွဲများ ပြင်ထန်နေချိန် (၆) ရက်ကြာ ယာယီပိတ်ထားသည့် အမှတ်(၁) ချစ်ကြည်ရေး တံတားကို ယနေ့နံနက် (၁၀) နာရီဝန်းကျင်က ပြန်ဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။

” ဒီနေ့ မနက်ပိုင်းမှာ ပြန်ဖွင့်ပါပြီ။အရင်ရက်တွေကပိတ်ထား တယ်ဆိုပေမယ့် ကျန်းမာရေးကိစ္စနဲ့ သွားလာဖို့ လိုအပ်သူတွေ အရေးပေါ်ယာဉ်နဲ့သွားလာခွင့်ပေးထားပါတယ်။ ဒီမန က်တော့ ပြန်ဖွင့်လိုက်ပြီပေါ့။ အရင်လို အကုန်လုံးသွားလာခွင့် ရှိလားဘာလားတော့ အတိအကျ မသိပါဘူး” ဟု မြဝတီ မြို့ခံတစ်ဦးက ဆိုသည်။

မြဝတီမြို့အနီး တိုက်ပွဲများ ပြင်းထန်ခဲ့သည့်အချိန် ဧပြီလ (၂၁) ရက်မှ စကာ ဧပြီလ (၂၆) ရက်အထိ ထိုင်း – မြန်မာ အမှတ်(၁) ချစ်ကြည်ရေးတံတားကို မြန်မာဖက်ခြမ်းမှ ယာယီပိတ်ထားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် မြဝတီမြို့ အနီးတဝိုက်၌ တိုက်ပွဲများ ပြန်လည်ငြိမ်သက်နေပြီ ဖြစ်သော်လည်း ထိုင်း – မြန်မာ နယ်စပ်ကုန် သွယ်ရေး လမ်းကြောင်း၏ အရေးအပါဆုံးဖြစ်သည့် အမှတ် (၂) ချစ်ကြည်ရေးတံတားကို ယနေ့အချိန်ထိ ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – အင်တာနက်


LEAVE A REPLY

Please enter your comment!
Please enter your name here