ယခုနှစ်လူရည်ချွန် ၅၄၄ ဦး အား နစက ဥက္ကဋ္ဌ ​တွေ့ဆုံ

0
56

ကျောင်းနေအရွယ်အားလုံး ကျောင်းနေနိုင်ရေးနှင့် ပညာဆုံး ခန်းတိုင်သင်ယူနိုင်ရေးသည် အရေးကြီးကြောင်းနှင့် အချိန်မတိုင်မီ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်ကြရပြီး ကျောင်းနှင့်ကင်းကွာ ပညာရေးနိမ့်ကျသည့် လူငယ်များမဖြစ်အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန်လိုအပ်ကြောင်း နစ က ဥက္ကဋ္ဌ တိုက်တွန်းပြောကြားထားသည်။

ယမန်နေ့ ဧပြီ(၂၆)ရက် နံနက်ပိုင်းက နေပြည်တော် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန(၂)၊ MICC-2 ၌ ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချု ပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တွေ့ဆုံစဉ် အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ယနေ့ခေတ်ကာလ၏ ဆန်းသစ်သည့် နည်းပညာမျာနှင့်အတူ တိုးတက်ပြောင်းလဲလာသည့် ကမ္ဘာကြီးအား လက်လှမ်းမီနိုင်ရန် မျိုးဆက်သစ်လူငယ်များကို ကောင်းမွန်စွာလေ့ကျင့် သင်ကြားပေး ရန်လိုအပ်ကြောင်း ၊ လူငယ်များ၏ စူးစမ်းလိုစိတ်၊တီထွင်ဖန်တီးလိုစိတ်၊ ကျိုးကြောင်းဆီလျော် စွာ စဉ်စားဝေဖန်ပိုင်းခြားနိုင်စိတ်၊ မျိုးချစ်စိတ်တိုင်းချစ်ပြ ည်ချစ်စိတ်များ ရှင်သန် ကိန်းအောင်းလာစေရန်၊ ဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့ ဥပဒေကို သိရှိလေးစားလိုက်နာတတ်ရန်နှင့် ကျင့်ဝတ်သိက္ခာပြည့်ဝပြီး လူမှုတာဝန်မျာကို ကျေပွန်စွာ ပြုမူနေထိုင်တတ်ရန်လည်း လမ်းပြသွန်သင်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။

၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်အတွက် တိုင်းနှင့်ပြည်နယ်အသီးသီးမှ နဝမတန်း လူရည်ချွန်ကျောင်းသား (၁၄၀) ဦး၊ ဒဿမတန်း လူရည်ချွန်ကျောင်းသား (၁၄၀)၊ ဧကာဒသမတန်း လူရည်ချွန် (၁၃၇)ဦး၊ ဒွါဒသမတန်း လူရည် ချွန် (၁၃၇) ဦီး စုစုပေါင်း (၅၄၄) ဦးအား မွေးထုတ်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ် လူရည်ချွန်ကျောင်းသား/ကျောင်းသူများအား ရှေးဟောင်းအမွေအနှစ်ဒေသဖြစ်သည့် ပုဂံ၊ တောင်ကြီး၊ ငွေဆောင်နှင့် ချောင်းသာများသို့စေလွတ်၍ ဒေသန္တရဗဟုသူတများရရှိရန် စေလွှတ်ခဲ့သည်။

နိုင်ငံတော်အစိုးရအဆက်ဆက် (၁၉၆၄) ခုနှစ်မှစ၍ (၁၉၈၈) ခုနှစ် အထိ လူရည်ချွန်ကျောင်းသားကျောင်းသူများ ကို မွေးထုတ်ပေးခဲ့ရာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကိုဗစ်ကပ်ရောဂါကြောင့် ခေတ္တရပ်နားခဲ့ရပြီး ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်မှစတင် ပြန်လည်ဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here