Friday, May 22, 2026

ဘေဂျင်းတွင် ၂၀၂၆ CIPCC နိုင်ငံတကာ...

တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ တရုတ်ပြည်သူ့တက္ကသိုလ် (Renmin University of China) တွင် ၂၀၂၆ ခုနှစ် China International Press...

မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း မီးရထားခရီးစဉ်တိုးချဲ့ပြေးဆွဲနိုင်ရန်စီစဥ်နေ

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း မီးရထားခရီးစဉ်တိုးချဲ့ပြေးဆွဲနိုင်ရေးအတွက် မေ ၂၀ ရက်နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်ဦးဆောင်၍လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။ ပြည်နယ်အစိုးရအဖွဲ့၏ ရက်(၁၀၀)စီမံချက်အတွင်း မိုးကောင်း-မိုးညှင်းလမ်းပိုင်းပြုပြင်မှုလုပ်ငန်းများပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကာ လမ်းပိုင်းပြုပြင်ပြီးပါက မြစ်ကြီးနား-မိုးကောင်း-မိုးညှင်းအထိမီးရထား ပြေးဆွဲနိုင်မည်ဖြစ်ပြီး လက်ရှိအချိန်၌...

နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို စားသုံးဆီများရောင်းချပေး

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများ ပင်စင်လစာထုတ်ယူချိန်တွင် စားသုံးဆီများကို သက်ဆိုင်ရာ မြို့နယ်ဘဏ်ခွဲအသီးသီးတွင်ရောင်းချပေးခဲ့သည်။ ယနေ့ မေ ၂၁ ရက်တွင်လည်း မြို့နယ်ဘဏ်ခွဲအသီး...

နှစ်ပေါင်း (၈) သန်းသက်တမ်းရှိ စတီဂိုလိုဖိုဒွန်...

နှစ်ပေါင်း (၈) သန်းခန့် သက်တမ်းရှိသည်ဟု ခန့်မှန်းထားသော စတီဂိုလိုဖိုဒွန် ရှေးဦးဆင်၏ သွားပါအောက်မေးရိုးနှင့် အံသွားအစုံများ အပါအဝင် ကျောက်ဖြစ်ရုပ်ကြွင်း (၁၉) ခုကို...
HomeNewsLocal Newsရိုင်နီယာကို အလဲထိုးပြီး ကမ္ဘာ့ချန်ပီယံ...

ရိုင်နီယာကို အလဲထိုးပြီး ကမ္ဘာ့ချန်ပီယံ ခါးပတ်(၃)ခုကို ရယူခဲ့သည့် မာလီခင်

ရုရှားနိုင်ငံသား ဖိုက်တာ မာလီခင်သည် ယနေ့ည ကာတာနိုင်ငံတွင် ကျင်းပသည့် One Championship ပြိုင်ပွဲ One 166 ပွဲစဉ်တွင် ပြိုင်ဘက်ဖြစ်သူ ရိုင်နီယာကို အနိုင်ယူကာ One Championship ၏ သမိုင်းတစ်လျှောက် ချန်ပီယံ ခါးပတ် (၃) ခုပိုင်ဆိုင်ခဲ့သည့် ပထမဆုံး ဖိုက်တာတစ်ခု ဖြစ်လာခဲ့သည်။

ယနေ့ညတွင် Middleweight ခါးပတ်လုပွဲစဥ်အတွက် ပြိုင်ဘက်ဟောင်း ရိုင်နီယာနှင့် ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ရာ တတိယအချီအရောက်တွင် မာလီခင်က အလဲထိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

မာလီခင်သည် ပြိုင်ဘက် ရိုင်နီယာအား ပထမအချီမှာပင် ဖိအားပေး အသာစီးမှ ထိုးသ-တ်ခဲ့ပြီး တတိယအချီတွင် ရိုင်နီယာမှာ ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့သည့်အတွက် ဒိုင်ဖြစ်သူမှ မာလီခင်အား အနိုင်ပေးလိုက်ခြင်းလည်း ဖြစ်သည်။

မာလီခင်သည် ပြီးခဲ့သည့်နှစ်အတွင်းက ရိုင်နီယာနှင့် Light Heavyweight လူပွဲ ထိုးသ-တ်စဉ်ကလည်း အနိုင်ရခဲ့သည့် အတွက် ရိုင်နီယာမှာ ခါးပတ်နှစ်ခုလုံး လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

မာလီခင်မှာ လက်ရှိအချိန်တွင် Heavyweight ၊ Light Heavyweight နှင့် Middleweight စသည့် ဝိတ်တန်း (၃) ခုတွင် ကမ္ဘာ့ချန်ပီယံအဖြစ် ပထမဆုံး ခါးပတ် (၃) ခုရရှိထားသူအ ဖြစ် စံချိန်တင်သွားပြီလည်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘေဂျင်းတွင် ၂၀၂၆ CIPCC နိုင်ငံတကာ သတင်းမီဒီယာသင်တန်း ဖွင့်လှစ်

တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ တရုတ်ပြည်သူ့တက္ကသိုလ် (Renmin University of China) တွင် ၂၀၂၆ ခုနှစ် China International Press Communication Center (CIPCC) သတင်းမီဒီယာသင်တန်းဖွင့်ပွဲအခမ်းအနားကို မေ ၂၁ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းအစီအစဉ်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် တရုတ်ပြည်သူ့သံတမန်ဆက်ဆံရေးအသင်း (China Public Diplomacy Association) က စီစဉ်ကျင်းပခြင်းဖြစ်ပြီး အာရှ-ပစိဖိတ်၊ အာဖရိက၊ ဥရောပ၊ လက်တင်အမေရိကနှင့် အရှေ့အလယ်ပိုင်းဒေသများမှ နိုင်ငံပေါင်း ၉၀...

မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း မီးရထားခရီးစဉ်တိုးချဲ့ပြေးဆွဲနိုင်ရန်စီစဥ်နေ

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း မီးရထားခရီးစဉ်တိုးချဲ့ပြေးဆွဲနိုင်ရေးအတွက် မေ ၂၀ ရက်နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်ဦးဆောင်၍လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။ ပြည်နယ်အစိုးရအဖွဲ့၏ ရက်(၁၀၀)စီမံချက်အတွင်း မိုးကောင်း-မိုးညှင်းလမ်းပိုင်းပြုပြင်မှုလုပ်ငန်းများပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကာ လမ်းပိုင်းပြုပြင်ပြီးပါက မြစ်ကြီးနား-မိုးကောင်း-မိုးညှင်းအထိမီးရထား ပြေးဆွဲနိုင်မည်ဖြစ်ပြီး လက်ရှိအချိန်၌ မိုးကောင်း-မိုးညှင်းမီးရထားလမ်းပိုင်း၏ ခရီးမိုင်(၅၂ ဒသမ ၂၅)မိုင်အနက် (၃၀ ဒသမ ၉၁)မိုင်အထိ ပြုပြင်ပြီးဖြစ်သည်ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ အဆိုပါ မိုးကောင်း-မိုးညှင်း မီးရထားလမ်းပိုင်းကို ခရီးသွားများ သွားလာရေးအဆင်ပြေစေရန်အတွက် ပြည်နယ်အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများပူးပေါင်း၍ ပြုပြင်မှုများပြုလုပ်လျက်ရှိသည်။ Photo-ကချင်ပြည်နယ်အစိုးရ

နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို စားသုံးဆီများရောင်းချပေး

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများ ပင်စင်လစာထုတ်ယူချိန်တွင် စားသုံးဆီများကို သက်ဆိုင်ရာ မြို့နယ်ဘဏ်ခွဲအသီးသီးတွင်ရောင်းချပေးခဲ့သည်။ ယနေ့ မေ ၂၁ ရက်တွင်လည်း မြို့နယ်ဘဏ်ခွဲအသီး သီး၌ ပင်စင်လစာထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို ရောင်းချပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071