Friday, February 13, 2026

CI လက်မှတ်များကို ထိုင်းနိုင်ငံ၌ ဖေဖော်ဝါရီ...

မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားဝန် ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှုဖြင့်စမုစခွန် ၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့တွင်မည်သူမည်ဝါဖြစ် ကြောင်းသက်သေခံလက်မှတ် (Certificate of Identity...

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ်...

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ် ခဲ့ပါက နားလည်မှုဖြင့်ပူးပေါင်းဆောင်ရွက်ပေးကြပါရန် Max Highway က ခရီးသွားများကို မေတ္တာရပ်ခံခဲ့သည်။ ယနေ့ ဖေဖော်ဝါရီ ၁၂...

ဇန်နဝါရီလတွင် ဆန်နှင့် ဆန်ကွဲ တန်ချိန်...

ပြီးခဲ့သည့် ဇန်နဝါရီလတွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် နှစ်သိန်းကျော် တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ ပြည်ပသို့ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်‌ရေးလမ်းကြောင်းများကတဆင့်တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုဘဏ္ဍာနှစ်၏...

ရန်ကုန်-ဒလမြစ်ကူးတံတားဖြတ်သန်းခွင့်ကို မနက် ၄ နာရီမှ...

မြန်မာ - ကိုရီးယား ချစ်ကြည်ရေးတံတားဖြတ်သန်းခွင့်ကို အချိန်ထပ်တိုးပေးလိုက်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ အဆိုပါတံတားဖွင့်ကာစတွင် မနက် ၆ နာရီမှ ည ၈ နာရီအထိ...
HomeNewsLocal Newsတပ်မတော်သားများ အပါအဝင် နိုင်ငံ့ဝန်ထမ်းအားလုံးကို...

တပ်မတော်သားများ အပါအဝင် နိုင်ငံ့ဝန်ထမ်းအားလုံးကို ထောက်ပံ့ပေးမည့် အပိုထောက်ပံ့ငွေ ၃၀၀၀၀ ကျပ်အား အောက်တိုဘာလတွင် စပေးမည်

ယနေ့ နံနက်ပိုင်း ကြေညာခဲ့သည့် နိုင်ငံ့ဝန်ထမ်း ထောက်ပံ့ငွေ ၃၀၀၀၀ ကျပ် တိုးမြှင့်မည့်အစီအစဉ်ကို လာမည့် အောက်တိုဘာလတွင် စတင်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် ၇၀/၂၀၂၃ဖြင့် ထုတ်ပြန်ထားခြင်း ဖြစ်ပြီး ယင်းအမိန့်သည် အောက်တိုဘာ (၁) ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် တပ်မတော်သားများအပါအဝင်နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အောက်တိုဘာလကုန်တွင် ရရှိမည့် လစာနှင့်အတူ အပိုထောက်ပံ့ငွေ ၃၀၀၀၀ ကျပ် ထပ်ဆောင်းရရှိမည်ဖြစ်သည်။

“နိုင်ငံဝန်ထမ်းများအား ၂၀၂၃ခုနှစ်၊ အောက်တိုဘာလအတွက် ပေးရန်ရှိသော လစာနှင့်အတူ အပိုထောက်ပံ့ကြေးကို ထုတ်ပေးနိုင်အောင် ဆောင်ရွက်ပေးရပါမည်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြေညာချက်၌ ဖော်ပြထားခြင်း ဖြစ်သည်။

အဆိုပါ အပိုထောက်ပံ့ငွေကို နိုင်ငံဝန်ထမ်းများအပြင် အစိုးရဌာနများနှင့်အဖွဲ့အစည်များတွင် နေ့စားဝန်ထမ်းအဖြစ် လုပ်ကိုင်နေသည့် အလုပ်သမားများလည်း ခံစားခွင့်ရှိပြီးလက်ရှိသတ်မှတ်ထားသည့် တစ်ရက်လုပ်ခလစာ ၄၈၀၀ ကျပ်အပြင် အပိုထောက်ပံ့ကြေး ၁၀၀၀ ကျပ်ထပ်မံခံစားခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုထောက်ပံ့သည့် အပိုထောက်ပံ့ကြေးကို ပြည်ပနိုင်ငံများ၌ သွားရောက် တာဝန်ထမ်းဆောင်နေရသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်ပတွင် သွားရောက်ပညာသင်ကြားနေသည့် နိုင်ငံ့ဝန်ထမ်းများလည်း ခံစားခွင့်မရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်စာတွင် ဖော်ပြထားသည်။

သို့သော် ပြည်တွင်းရှိ တက္ကသိုလ်၊ကောလိပ်၊ သိပ္ပံတစ်ခုခုတွင်လည်းကောင်း၊ စက်မှုစိုက်ပျိုးနှင့် သက်မွေးပညာဆိုင်ရာသိပ္ပံ သို့မဟုတ် အထက်တန်းကျောင်းတစ်ခုခုတွင် အစိုးရခွင့်ပြုချက်ဖြင့် ပညာသင်ကြားနေသည့် ဝန်ထမ်းများအနေဖြင့် အဆိုပါ အပိုထောက်ပံ့ကြေး‌ဆို ခံစားခွင့် ရှိကြောင်း သိရသည်။

အဆိုပါ နိုင်ငံအတွင်း တာဝန်ထမ်းဆောင်နေသည့် နိုင်ငံဝန်ထမ်းများအား အပိုထောက်ပံ့ကြေးခံစားခွင့်ပြုခြင်း အမိန့်ကြေညာစာကို ယနေ့ စက်တင်ဘာ (၃၀) ရက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က လက်မှတ်ရေးထိုး ထုတ်ပြန်ထားခြင်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

CI လက်မှတ်များကို ထိုင်းနိုင်ငံ၌ ဖေဖော်ဝါရီ ၁၇ တွင် စတင်လုပ်ဆောင်ပေးမည်

မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားဝန် ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှုဖြင့်စမုစခွန် ၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့တွင်မည်သူမည်ဝါဖြစ် ကြောင်းသက်သေခံလက်မှတ် (Certificate of Identity - CI) ထုတ်ပေးခြင်းလုပ်ငန်းစဉ်များကို ယခုလ ဖေဖော်ဝါရီ (၁၇)ရက်တွင် စတင်ဆောင်ရွက်ပေးသွားမည်ဟုအလုပ်သမားညွှန်ကြားရေးဦးစီးဌာနထံက ယနေ့တွင် အသိပေးထားသည်။ CI လက်မှတ်လုပ်ဆောင်ရာတွင် ထိုင်းနိုင်ငံအစိုးရကထုတ်ပေးထားသည့် Work Permit ကိုင်ဆောင်ထားသူ မြန်မာရွှေ့ ပြောင်းအလုပ်သမားများအတွက် တရားဝင်နေထိုင်လုပ်ကိုင်ခွင့်များရရှိစေရေအတွက် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် CI လျှောက်ထားလိုသည့် အလုပ်သမားများအနေဖြင့် နီးစပ်ရာ 7-Eleven စတိုးဆိုင်များတွင် CI...

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ် ခဲ့ပါက ပူးပေါင်းဆောင်ရွက်ပေးကြပါရန် Max Highway မေတ္တာရပ်ခံ

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ် ခဲ့ပါက နားလည်မှုဖြင့်ပူးပေါင်းဆောင်ရွက်ပေးကြပါရန် Max Highway က ခရီးသွားများကို မေတ္တာရပ်ခံခဲ့သည်။ ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၇ ရက်အထိသည် ရုံး ပိတ်ရက်ရှည်ဖြစ်ရာ အနယ်နယ်အရပ်ရပ်သို့ ခရီးသွားလာမည့် ခရီးသွားယာဉ်များများပြား၍ Toll Plaza များတွင် ကြန့်ကြာမှုတစ်စုံတစ်ရာဖြစ်ပေါ် ခဲ့ပါက နားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံခဲ့သည်။ ထိုသို့ ကြန့်ကြာမှုတစ်စုံတစ်ရာမဖြစ်ပေါ်စေရေး၊ ခရီး သွားများ ဘေးအန္တရာယ်ကင်းရှင်းစွာ ခရီးသွားလာနိုင်စေရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုများမဖြစ်ပေါ်စေရေးအတွက်လည်း Max Highway မှကြိုတင်ပြင်ဆင်စီမံထားရှိပြီးဖြစ်သည်ဟု အသိပေးခဲ့သည်။ ထို့အတူ...

ဇန်နဝါရီလတွင် ဆန်နှင့် ဆန်ကွဲ တန်ချိန် နှစ်သိန်းကျော် တင်ပို့ခဲ့

ပြီးခဲ့သည့် ဇန်နဝါရီလတွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် နှစ်သိန်းကျော် တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ ပြည်ပသို့ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်‌ရေးလမ်းကြောင်းများကတဆင့်တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုဘဏ္ဍာနှစ်၏ ၁၀ လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန်၂ ဒသမ ၃ သန်းကျော် တင်ပို့ထားပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၃၅ သန်းကျော် ရရှိထားကြောင်း၊ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၃ သန်း တင်ပို့ရန် လျာထားကြောင်း သိရသည်။ ပြည်ပနိုင်ငံများဖြစ်သည့် မဒါဂတ်စကား၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071