Tuesday, May 19, 2026

မြန်မာနိုင်ငံအတွင်း စားနပ်ရိက္ခာအခက်အခဲများ တိုးမြင့်လာနေမှုကို တုံ့ပြန်နိုင်ရန်...

မြန်မာနိုင်ငံအတွင်း ဆာလောင်မွတ်သိပ်မှုနှင့် စားနပ်ရိက္ခာအခက်အခဲများ တိုးမြင့်လာနေမှုကို တုံ့ပြန်နိုင်ရန် ဥရောပသမဂ္ဂ(EU)က ယူရို ၈ သန်း ထောက်ပံ့ပေးလိုက်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က မေ ၁၈...

တွံတေးရှိ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့...

တွံတေး၊ မေ ၁၉ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ယမန်နေ့က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အဖွဲ့ဝင် ဦးသန်းဝင်းနှင့် ဦးအုန်းခိုင်တို့...

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း အိန္ဒိ ယကို...

မလေးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ (ISTAF World Cup 2026) အမျိုးသား (၄) ယောက်တွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာအသင်းသည် အိန္ဒိယအသင်းကို...

မလေးရှားကို (၂) ပွဲပြတ်ဖြင့် အနိုင်ယူပြီး...

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းဖလား ပြိုင် ပွဲ၏ သုံးယောက်တွဲ (Regu Event) ပွဲစဉ်တွင် မြန်မာအသင်းသည် အကောင်းဆုံးခြေစွမ်းပြသကာ ဗိုလ်လုပွဲသို့ တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်သည်။ ယနေ့ မေ...
HomeNewsLocal Newsမြန်မာ့သင်္ကြန်ပွဲတော်အား ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းဖို့ယခုနှစ်မှတ်တမ်းရိုက်မည်

မြန်မာ့သင်္ကြန်ပွဲတော်အား ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းဖို့ယခုနှစ်မှတ်တမ်းရိုက်မည်

မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်အား နိုင်ငံအဆင့်အမျိုးသားအဆင့် တွဲဖက်ယဥ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ထားပြီး ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ရန်ဆောင်ရွက်လျက်ရှိသည်ဟု ရှေးဟောင်းသုတေ သနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

ထိုသို့ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ရန် ယခုနှစ်ကျင်းပမည့် မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်တွင် သင်္ကြန်ပွဲတော်နှင့်ပတ်သက်သည့် ပုံရိပ်များအားလုံးကို Documentary ရိုက်ကူး၍ မှတ်တမ်းတင်ထားမည်ဖြစ်ကြောင်း သိရသည်။

“သင်္ကြန်ကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရာမှာ ဗီဒီယိုဖိုင်တွေတင်ပြဖို့လိုတယ် ဒါ့ကြောင့်အခုထဲကစပြီးစုဆောင်းထားတာပါ သင်္ကြန်ဆိုတာက ရေပက်လောင်းတဲ့အဆင့်တင်မဟုတ်ဘဲ သင်္ကြန်ပွဲတော်နဲ့အတူ ဘာသာရေးပွဲတော်တွေလုပ်ဆောင်ကြတယ်။ ဇီဝိတဒါနငါးလွှတ်ပွဲတွေလုပ်ကြတယ်” ဟု ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၏ ဒု-ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသိန်းလွင်ကပြောသည်။

ထို့ပြင် သင်္ကြန်မဏ္ဍပ်များဆောက်ခါအလှပြယာဥ်များဖြင့် ယိမ်းအကများ၊သီဆိုဖျော်ဖြေမှုများ၊စတုဒိသာကျွေးမွေးလှူဒါန်းမှုများ၊အလှူ အတန်းပြုလုပ်ခြင်းများလည်းရှိခြင်း၊ နှစ်ဆန်းတစ်ရက်နေ့တွင်လည်း အန္တရာယ်ကင်းပရိတ်ရွတ်ခြင်းများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဘုန်းတော်ကြီးများအားပင့်ဖိတ်၍ ပရိတ်ရွတ်ဖတ်ခြင်းများကိုလည်း Documentary ရိုက်ကူး၍မှတ်တမ်းတင်ထားမည်ဟု သိရသည်။

“သင်္ကြန်ဆိုတာ ရေပက်တဲ့အဆင့်မဟုတ်ဘဲနဲ့ သင်္ကြန်နဲ့ပတ်သက်တာတွေကိုပါ မှတ်တမ်းရိုက်ကူးရမှာပါ သင်္ကြန်ပွဲတော်ဟာ တိုင်းနဲ့ပြည်နယ်အသီးသီးမှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ ရိုးရာဓလေ့ထုံးစံအတိုင်းကျင်းပတယ်ဆိုတဲ့ မှတ်တမ်းတွေကိုလည်းပြရမှာပါ”ဟု ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၏ ဒု- ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသိန်းလွင်ကဆိုသည်။

မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်အား တကောင်းခေတ်မှစတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာ နိုင်ငံအပြင် လန်ချန်း-မဲခေါင်ဒေသများဖြစ်သည့် တရုတ်၊လာအို၊ကမ္ဘောဒီးယား၊ထိုင်းနှင့်ဗီယက်နမ်နိုင်ငံတို့တွင်ပါ ကျင်းပလေ့ရှိ၍ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Photo Credit- Internet

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံအတွင်း စားနပ်ရိက္ခာအခက်အခဲများ တိုးမြင့်လာနေမှုကို တုံ့ပြန်နိုင်ရန် EU က ယူရို ၈ သန်း ထောက်ပံ့

မြန်မာနိုင်ငံအတွင်း ဆာလောင်မွတ်သိပ်မှုနှင့် စားနပ်ရိက္ခာအခက်အခဲများ တိုးမြင့်လာနေမှုကို တုံ့ပြန်နိုင်ရန် ဥရောပသမဂ္ဂ(EU)က ယူရို ၈ သန်း ထောက်ပံ့ပေးလိုက်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က မေ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာသည်။ အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် အကျပ်အတည်းများ၏ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံအတွင်း စားနပ်ရိက္ခာအခက်အခဲများ ပိုမိုဆိုးရွားလာနေပြီး အရေးပေါ် လူသားချင်းစာနာမှုအကူအညီများ လိုအပ်နေသဖြင့် ယခုကဲ့သို့ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။ EU နှင့် WFP တို့သည် မြန်မာနိုင်ငံရှိ ပဋိပက္ခဒဏ်သင့်ဒေသများနှင့် အရေးပေါ်လိုအပ်နေသည့် ပြည်သူများထံ စားနပ်ရိက္ခာနှင့် အာဟာရဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရန် ရည်ရွယ်ထားကြောင်း...

တွံတေးရှိ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သွားရောက်

တွံတေး၊ မေ ၁၉ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ယမန်နေ့က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အဖွဲ့ဝင် ဦးသန်းဝင်းနှင့် ဦးအုန်းခိုင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့ သွားရောက်၍ အခြေခံလူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ အဓိက ကြည့်ရှုစစ်ဆေးခဲ့သည့် အချက်များ ကော်မရှင်စစ်ဆေးရေးအဖွဲ့သည် ဌာနအတွင်းရှိ အမျိုးသမီးများအတွက် အခြေခံအခွင့်အရေးများနှင့် ပတ်သက်၍ အောက်ပါကဏ္ဍများကို အသေးစိတ် ကြည့်ရှုစစ်ဆေးခဲ့ကြသည် - ကျန်းမာရေးနှင့် နေထိုင်မှု ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ၊ အစားအစာ ကျွေးမွေးမှု၊ အိပ်ဆောင်များ ထားရှိမှုနှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေး...

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း အိန္ဒိ ယကို ရှုံးနိမ့်ကာ ဆီမီးဖိုင်နယ်အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ

မလေးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ (ISTAF World Cup 2026) အမျိုးသား (၄) ယောက်တွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာအသင်းသည် အိန္ဒိယအသင်းကို ရှုံးနိမ့်ခဲ့ကာ ဆီမီးဖိုင်နယ်အဆင့်ဖြင့် ကျေ နပ်ခဲ့ရကြောင်း သိရသည်။ အဆိုပါ ပွဲစဉ်တွင် မြန်မာအသင်းသည် အာဒစ်၊ ရှိန်းလေး၊ မျိုးလေးနှင့် ကျောင်းတိုက်တို့ဖြင့် ပွဲထွက်လာခဲ့သော်လည်း ပွဲအစပထမပိုင်းတွင် အိန္ဒိယအသင်း၏ ဖိအားပေးမှုကို ခံခဲ့ရသည်။ ပွဲစဉ်ရလဒ်များမှာ (၈-၁၅) မှတ်၊ (၁၇-၁၄) မှတ်နှင့် (၉-၁၅) မှတ်တို့ဖြစ်ပြီး အကြိတ်အနယ်ကစားခဲ့ကြသော်လည်း အိန္ဒိ ယအသင်းကို ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ ပွဲစဉ်အတွင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071