Tuesday, May 19, 2026

တွံတေးရှိ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့...

တွံတေး၊ မေ ၁၉ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ယမန်နေ့က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အဖွဲ့ဝင် ဦးသန်းဝင်းနှင့် ဦးအုန်းခိုင်တို့...

မလေးရှားကို (၂) ပွဲပြတ်ဖြင့် အနိုင်ယူပြီး...

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းဖလား ပြိုင် ပွဲ၏ သုံးယောက်တွဲ (Regu Event) ပွဲစဉ်တွင် မြန်မာအသင်းသည် အကောင်းဆုံးခြေစွမ်းပြသကာ ဗိုလ်လုပွဲသို့ တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်သည်။ ယနေ့ မေ...

ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်မှ မီးလေ-ာင်ပျ-က်စီးနေအိမ်များ ဖျက်သိမ်းရှင်းလင်းမှု...

စစ်ရေးပဋိပက္ခများကြောင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ မီးလောင်ပျက်စီးနေအိမ်များကို ပြည်နယ်အစိုးရအဖွဲ့အစီအစဥ်၊ နေအိမ်ပိုင်ရှင်ကိုယ်တိုင်အစီအစဥ်တို့ဖြင့် ဖျက်သိမ်းရှင်းလင်းခြင်းများကို မေ ၁၆ ရက်မှစတင်၍ဆောင်ရွက်လျက်ရှိသည်။ ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ မာန်အောင်လမ်းနှင့်...

မုံရွာမြို့တွင် မိုးရွာသွန်းမှုကြောင့်လဲကျခဲ့သည့်သစ်ပင်အား မီးသတ်တပ်ဖွဲ့က ကရိန်(၃)စီးဖြင့်...

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ယနေ့ မေ ၁၉ ရက်နံနက် ၇ နာရီခန့်က မိုးရွာသွန်းပြီးသစ်ပင်လဲကျမှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ မုံရွာမြို့တွင် မိုးရွာသွန်းမှုကြောင့် ကန်သာဦးရပ်ကွက်၊...
HomeMoviesကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း အိန္ဒိ...

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း အိန္ဒိ ယကို ရှုံးနိမ့်ကာ ဆီမီးဖိုင်နယ်အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ

မလေးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ (ISTAF World Cup 2026) အမျိုးသား (၄) ယောက်တွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာအသင်းသည် အိန္ဒိယအသင်းကို ရှုံးနိမ့်ခဲ့ကာ ဆီမီးဖိုင်နယ်အဆင့်ဖြင့် ကျေ နပ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်တွင် မြန်မာအသင်းသည် အာဒစ်၊ ရှိန်းလေး၊ မျိုးလေးနှင့် ကျောင်းတိုက်တို့ဖြင့် ပွဲထွက်လာခဲ့သော်လည်း ပွဲအစပထမပိုင်းတွင် အိန္ဒိယအသင်း၏ ဖိအားပေးမှုကို ခံခဲ့ရသည်။

ပွဲစဉ်ရလဒ်များမှာ (၈-၁၅) မှတ်၊ (၁၇-၁၄) မှတ်နှင့် (၉-၁၅) မှတ်တို့ဖြစ်ပြီး အကြိတ်အနယ်ကစားခဲ့ကြသော်လည်း အိန္ဒိ ယအသင်းကို ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။

ပွဲစဉ်အတွင်း ပွဲထွက်ကစားသမားဖြစ်သူ ကျောင်းတိုက်ဒ ဏ်ရာရရှိသွားသောကြောင့် ရှိန်းလေးနှင့် လူစားလဲကစားခဲ့ရ သေးသည်။

အိန္ဒိယအသင်းသည် မြန်မာအသင်းကို အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပြီး အထူးသဖြင့် ကျောဖြင့် ပိတ်ဆို့သည့် (Back Bloc k) အားသာချက်ကို အသုံးချကာ အမှတ်များစွာ ရယူသွားနို င်ခဲ့ကြောင်း သိရသည်။

အဆိုပါ Quadrant ပွဲစဉ်တွင် ရှုံးနိမ့်ခဲ့သော်လည်း လက်ရှိတွင် အမျိုးသား (၃) ယောက်တွဲ (Regu Event) ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အိမ်ရှင် မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားနေပြီဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တွံတေးရှိ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သွားရောက်

တွံတေး၊ မေ ၁၉ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ယမန်နေ့က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အဖွဲ့ဝင် ဦးသန်းဝင်းနှင့် ဦးအုန်းခိုင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့ သွားရောက်၍ အခြေခံလူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ အဓိက ကြည့်ရှုစစ်ဆေးခဲ့သည့် အချက်များ ကော်မရှင်စစ်ဆေးရေးအဖွဲ့သည် ဌာနအတွင်းရှိ အမျိုးသမီးများအတွက် အခြေခံအခွင့်အရေးများနှင့် ပတ်သက်၍ အောက်ပါကဏ္ဍများကို အသေးစိတ် ကြည့်ရှုစစ်ဆေးခဲ့ကြသည် - ကျန်းမာရေးနှင့် နေထိုင်မှု ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ၊ အစားအစာ ကျွေးမွေးမှု၊ အိပ်ဆောင်များ ထားရှိမှုနှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေး...

မလေးရှားကို (၂) ပွဲပြတ်ဖြင့် အနိုင်ယူပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားသည့် မြန်မာ့ပိုက်ကျော်ခြင်းအသင်း

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းဖလား ပြိုင် ပွဲ၏ သုံးယောက်တွဲ (Regu Event) ပွဲစဉ်တွင် မြန်မာအသင်းသည် အကောင်းဆုံးခြေစွမ်းပြသကာ ဗိုလ်လုပွဲသို့ တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်သည်။ ယနေ့ မေ (၁၉) ရက် မြန်မာစံတော်ချိန် မွန်းတည့် (၁၂) နာရီအချိန် အကြိုဗိုလ် လုပွဲ (Semi-Final) ပွဲစဉ်အား မြန်မာအသင်းနှင့် လေးရှားအသင်းတို့ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ပွဲစတင်ချိန်မှစ၍ ဖိအားပေးကစားနိုင်ခဲ့သည့် မြန်မာအသင်းသည် ပထမပွဲတွင် (၁၅-၉)၊ ဒုတိယပွဲတွင် (၁၅-၁၀) ဖြင့် မလေးရှားအသင်းကို ရလဒ် (၂) ပွဲပြတ် (၀-၂) ဖြင့်...

ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်မှ မီးလေ-ာင်ပျ-က်စီးနေအိမ်များ ဖျက်သိမ်းရှင်းလင်းမှု ပထမဦးစားပေးလုပ်ငန်းများပြီးစီး

စစ်ရေးပဋိပက္ခများကြောင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ မီးလောင်ပျက်စီးနေအိမ်များကို ပြည်နယ်အစိုးရအဖွဲ့အစီအစဥ်၊ နေအိမ်ပိုင်ရှင်ကိုယ်တိုင်အစီအစဥ်တို့ဖြင့် ဖျက်သိမ်းရှင်းလင်းခြင်းများကို မေ ၁၆ ရက်မှစတင်၍ဆောင်ရွက်လျက်ရှိသည်။ ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ မာန်အောင်လမ်းနှင့် ရတနာလမ်းတို့ရှိနေအိမ်များကို ပထမဦးစားပေးအစီအစဉ်ဖြင့် ဖျက်သိမ်းရှင်းလင်းခဲ့ရာ မေ ၁၈ ရက်နံနက် ၁၁ နာရီတွင် ပထမဦးစားပေးဖျက်သိမ်းရှင်းရေးလုပ်ငန်းများအားဆောင်ရွက်ပြီးစီးခဲ့သည်။ ထိုသို့ ဖျက်သိမ်းရှင်းလင်းခြင်းများကို ပြည်နယ်အစိုးရ အဖွဲ့၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဦးအောင်လွင်၊ ကော့ကရိတ်မြို့နယ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်နှင့်တာဝန်ရှိသူများကကြည့်ရှုစစ် ဆေးခဲ့ကြသည်။ ထို့ပြင် ယနေ့ မေ ၁၉ ရက်တွင်လည်း ကော့ကရိတ်မြို့ နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071