ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းဖလား ပြိုင် ပွဲ၏ သုံးယောက်တွဲ (Regu Event) ပွဲစဉ်တွင် မြန်မာအသင်းသည် အကောင်းဆုံးခြေစွမ်းပြသကာ ဗိုလ်လုပွဲသို့ တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်သည်။
ယနေ့ မေ (၁၉) ရက် မြန်မာစံတော်ချိန် မွန်းတည့် (၁၂) နာရီအချိန် အကြိုဗိုလ် လုပွဲ (Semi-Final) ပွဲစဉ်အား မြန်မာအသင်းနှင့် လေးရှားအသင်းတို့ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ပွဲစတင်ချိန်မှစ၍ ဖိအားပေးကစားနိုင်ခဲ့သည့် မြန်မာအသင်းသည် ပထမပွဲတွင် (၁၅-၉)၊ ဒုတိယပွဲတွင် (၁၅-၁၀) ဖြင့် မလေးရှားအသင်းကို ရလဒ် (၂) ပွဲပြတ် (၀-၂) ဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါ အနိုင်ရလဒ်ကြောင့် မြန်မာအသင်းသည် ဗိုလ်လုပွဲ (Final) သို့ တိုက်ရိုက်တက်ရောက်ခွင့် ရရှိသွားခဲ့ပြီ ဖြစ်သ ည်။
မြန်မာအသင်းသည် ရွှေတံဆိပ်ဆုအတွက် အဆုံးအဖြတ်ဖြ စ်သည့် ဗိုလ်လုပွဲစဉ်ကို ယနေ့ ညနေ မြန်မာစံတော်ချိန် (၆) နာရီခွဲအချိန်တွင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။
