မော်လမြိုင်မြို့၌ ယနေ့ညနေကစတင်ဖွင့်လှစ်ခဲ့သည့် ရာမညပန်းခြံ

0
262

မွန်ပြည်နယ်၊မော်လမြိုင်မြို့ရှိ ကမ်းနားလမ်း၌ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့အားကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ရာမညပန်းခြံကို မတ် ၁၈ ရက် (ယနေ့)ညနေကဖွင့်လှစ်ခဲ့ကြသည်။

ဖွင့်လှစ်ခဲ့သည့် ရာမညပန်းခြံအတွင်း၌ ဟင်္သာရုပ်တုရေပန်း၊ အရှည်ပေ ၆၀၀ ရှိ မြစ်ကမ်းသာ ‌လျှောက်လမ်း၊ ကိုယ်လက်လေ့ကျင့်ခန်းကိရိယာများ၊ ကမ်းခြေတု သဲသောင်ပြင်ကစားကွင်း၊ က လေးကစားကွင်း၊ စကိတ်ကွင်း၊ ကြက်တောင်နှင့်ပိုက်ကျော်ခြင်းကစားကွင်း၊ဒေသထွက်အမှတ်တရ ပစ္စည်းအရောင်းဆိုင်၊စတိုးဆိုင်နှင့်ကော်ဖီဆိုင်၊ ကားနှင့်ဆိုင်ကယ်ပါကင်နှင့်အများသုံးသန့်စင်ခန်းတို့ပါဝင်သည်။

မော်လမြိုင်နေပြည်သူများ၊လာရောက်အပန်းဖြေဆော့ကစားသူများဖြင့် ဖွင့်လှစ်ပြီးစ ရာမညပန်းခြံတွင်အ​ပျော်တို့ပြန့်နှံ့လျှက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here