Wednesday, April 29, 2026

အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာန ဝန်ထမ်းများ...

လာမည့် မေလ ၁ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည့် စုပေါင်းသွေးလှူဒါန်းပွဲကို...

“ဝိဇ္ဇာအောင်” လေးဖက်နာဆေးသည် မှတ်ပုံတင်မရှိသော ဆေးဝါးဖြစ်ကြောင်း...

ကျန်းမာရေးဝန်ကြီးဌာနက ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော “ဝိဇ္ဇာအောင်” အမှတ်တံဆိပ် လေးဖက်နာနှင့် အကိုက်အခဲပျောက်ဆေး (ဆေးမှုန့်/ဆေးထုပ်) သည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးဖြစ်ကြောင်း အသိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်...

အနောက်တိုင်းဆေးပါဝင်သည့် တိုင်းရင်းဆေး ၆ မျိုးကို...

ကျန်းမာရေးဝန်ကြီးဌာနက ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော တိုင်းရင်းဆေးဝါးအချို့တွင် အနောက်တိုင်းဆေးများ ရောနှောပါဝင်နေပြီး စံမညီတိုင်းရင်းဆေးဝါး ၆ မျိုးကို မသုံးစွဲရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်...

မုံရွာမြို့တွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတို-က်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆)...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ မြို့တော်ခန်းမတွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်(၂၀၂၆) အထိမ်းအမှတ် အခမ်းအနားကို ဧပြီလ (၂၈) ရက်က ကျင်းပခဲ့သည်။ "ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးတဲ့လုပ်ငန်းဟာ နှစ်စဉ်အသက်ပေါင်းများစွာကို...
HomeInternationalအမေရိကနှင့် ချုပ်ဆိုထားသည့် နောက်ဆုံးလက်ကျန်...

အမေရိကနှင့် ချုပ်ဆိုထားသည့် နောက်ဆုံးလက်ကျန် နျူကလီးယား သဘောတူစာချုပ်အား ပူတင် ဆိုင်းငံ့

မော်စကို၊ ဖေဖော်ဝါရီ ၂၁

ယူကရိန်းအရေးအခင်းနှင့် ပတ်သက်၍ ဝါရှင်တန်နှင့် တင်းမာမှု မြင့်တက်လာသည့် အခြေအနေ၌ မော်စကိုသည် အမေရိကနှင့်ချုပ်ဆိုထားသော နောက်ဆုံးလက်ကျန် နျူကလီးယားလက်နက်ထိန်းချုုပ်ရေး သဘောတူစာချုပ် “နူးစတတ်” တွင် ၎င်း၏ပါဝင်မှုကို ဆိုင်းငံ့လိုက်ပြီဖြစ်ကြောင်း သမ္မတ ပူတင်က ဖေဖော်ဝါရီလ ၂၁ ရက် အင်္ဂါနေ့တွင် ကြေညာခဲ့သည်။

ထို့ပြင် အမေရိကဘက်မှ နျူလက်နက်စမ်းသပ်မှုများ လုပ်လာပါက ရုရှားသည်လည်း စမ်းသပ်မှုများ ပြန်လည်စတင်ရန် အဆင်သင့်ပြင်ထားသင့်သည်ဟု ပူတင်က နိုင်ငံတော်မိန့်ခွန်းတွင် ပြောခဲ့သည်။

“သူတို့ဟာ ငါတို့ကို ယူကရိန်းစစ်ပွဲမှာ ရှုံးနိမ့်စေချင်ပြီး တစ်ချိန်တည်းမှာပဲ ငါတို့ရဲ့ နျူကလီးယားစက်ရုံတွေနဲ့လည်း ပတ်သက်ဖို့ ကြိုစားနေတယ်” ဟု ပူတင်က ပြောကြားကာ သဘောတူစာချုပ်၌ ရုရှားပါဝင်မှုကို ဆိုင်းငံ့မည့် သူ၏ဆုံးဖြတ်ချက်ကို ထုတ်ဖော်ပြောဆိုခဲ့သည်။

ရုရှားပါလီမန်သို့ ပေးပို့ခဲ့သည့် စာချုပ်ပါဝင်မှု ဆိုင်းငံ့ရေး ဥပဒေမူကြမ်းတွင်လည်း “နူးစတတ်” စာချုပ်တွင် မော်စကို ပြန်လည်ပါဝင်လာနိုင်ရေးသည် သမ္မတပူတင်အပေါ်၌သာ မူတည်မည်ဟု ဖော်ပြထားကြောင်း သိရသည်။

သို့ရာတွင် ရုရှားသည် စာချုပ်ပါ သဘောတူညီချက်အားလုံးကို ဆိုင်းငံ့လိုက်ခြင်းမဟုတ်ဟု ပူတင်က အလေးပေးပြောခဲ့သည်။ စာချုပ်တွင် ပါဝင်သည့် နျူလက်နက်ပမဏ ကန့်သတ်ခြင်းကို ဆက်လက်လိုက်နာမည်ဖြစ်ပြီး ပဲ့ထိန်းဒုံး စမ်းသပ်ခြင်းနှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း ဆက်လက်လဲလှယ်သွားမည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောခဲ့သည်။

Source: ABCNEWS

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာန ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်း

လာမည့် မေလ ၁ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည့် စုပေါင်းသွေးလှူဒါန်းပွဲကို နေပြည်တော်၌ ခမ်းနားစွာ ကျင်းပခဲ့ကြသည်။ ဧပြီလ ၂၈ ရက် နံနက်ပိုင်းက နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) တွင် ပြုလုပ်သည့် ဤလှုပ်ရှားမှုတွင် ဝန်ထမ်းပေါင်း ၇၂ ဦးက စေတနာအပြည့်ဖြင့် ပါဝင်လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပြီး သွေးလှူရှင်ဝန်ထမ်းများကို...

“ဝိဇ္ဇာအောင်” လေးဖက်နာဆေးသည် မှတ်ပုံတင်မရှိသော ဆေးဝါးဖြစ်ကြောင်း ထုတ်ပြန်

ကျန်းမာရေးဝန်ကြီးဌာနက ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော “ဝိဇ္ဇာအောင်” အမှတ်တံဆိပ် လေးဖက်နာနှင့် အကိုက်အခဲပျောက်ဆေး (ဆေးမှုန့်/ဆေးထုပ်) သည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးဖြစ်ကြောင်း အသိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသည့် တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယင်းသို့ စစ်ဆေးရာတွင် “ဝိဇ္ဇာအောင်” အမှတ်တံဆိပ် လေးဖက်နာနှင့် အကိုက်အခဲပျောက်ဆေးသည် အခြားဆေးဝါး၏ တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ် TMR-011461 (0615) ကို ထည့်သွင်းအသုံးပြုထားကြောင်း စိစစ်တွေ့ရှိခဲ့သည်ဟု ဆိုသည်။ ထို့ပြင်...

အနောက်တိုင်းဆေးပါဝင်သည့် တိုင်းရင်းဆေး ၆ မျိုးကို မသုံးစွဲရန် ကျန်းမာရေးဝန်ကြီးဌာန နှိုးဆော်

ကျန်းမာရေးဝန်ကြီးဌာနက ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော တိုင်းရင်းဆေးဝါးအချို့တွင် အနောက်တိုင်းဆေးများ ရောနှောပါဝင်နေပြီး စံမညီတိုင်းရင်းဆေးဝါး ၆ မျိုးကို မသုံးစွဲရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယင်းသို့ စစ်ဆေးရာတွင် “ကာယသုခဆရာကြီးဖိုးဘစံ” အမှတ်တံဆိပ် အဆစ်အမျက်နာကျင်ကိုက်ခဲ၊ ဒူးနာ၊ ခါးနာရောဂါပျောက်ဆေး၊ “ငွေနတ်သား” အမှတ်တံဆိပ် လေးဖက်နာနှင့် ထိပ်ကပ်နာကုဆေး၊ “သစ္စာရှင်” အမှတ်တံဆိပ် အဆစ်အမျက်နာနှင့် အကိုက်အခဲပျောက်ဆေး၊ “မေတ္တာရှင်”...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071