ဂျပန်နိုင်ငံသည် COVID19 မျိုးကွဲဗီဇအသစ်ကူးစက်ပျံ့နှံမှုနှင့်ပတ်သက်သော စီမံချက်အသစ် ဇူလိုင်လ ၂၁ရက်နေ့တွင် သတ်မှတ်ခဲ့ပါသည်။
ဂျပန်နိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ပျံ့နှံမှု တားဆီးကာကွယ်ထိန်းချုပ်ရေး နှင့်ပတ်သက်သော စီမံချက်အရ မြန်မာနိုင်ငံကိုအထူးစိုးရိမ်ဖွယ်ရာရှိသည့် COVID-19 မျိုးကွဲဗီဇအသစ်ဖြစ်ပွားရာနိုင်ငံ၊ ဒေသ အဖြစ်သတ်မှတ် လိုက်ပြီး ဇူလိုင်လ ၂၄ရက်နေ့ ၀၀:ဝဝနာရီမှစတင်၍ မြန်မာနိုင်ငံမှ ဝင်ရောက်လာသူအားလုံးသည် ရောဂါကူးစက် ပျံ့နှံမှုတားဆီး ကာကွယ်ရေးဌာန၏ဌာနမှူးက သတ်မှတ်ထားသောဟိုတယ်တွင် ၆ရက်ကြာ သီးသန့်နေထိုင်စောင့်ကြည့်ခံရမည်။
ပြည်ဝင်သူများသည် ဂျပန်နိုင်ငံသို ပြည်ဝင်ပြီးသည်နှင့်ချက်ချင်း PCR စစ်ဆေးမှုကို ခံယူပြီးနောက် အထူးစီစဉ်ထားသောဘက်စ်ကားဖြင့် ဟိုတယ်သို့ ပို့ဆောင်ပေးပါမည်။ ဟိုတယ်၌ ၆ရက်ကြာ သီးသန့်နေထိုင်ပြီး နောက်တွင်လည်း ဟိုတယ်မှအထူးစီစဉ်ထား သော ဘက်စ်ကားဖြင့် နေထိုင်မည့်နေရာသို ပို့ဆောင်ပေးပါမည်။
ထိုအပြင် ၆ရက်ကြာသီးသန့်နေထိုင်ရမည့် ဟိုတယ်၏ နေထိုင် စားစရိတ်များမှာ အခမဲ့ ( အစိုးရမှထောက်ပံ့ခြင်းဖြစ်ပြီး ) ထောက်ပံ့ပေးပါမည်။ ပြည်ဝင်ပြီးနောက် ၃ရက်မြောက်နေ့နှင့် ၆ရက်မြောက်နေ့တွင် စစ်ဆေးသော PCR စစ်ဆေးမှုရလဒ်များသည် COVID-19 ကူးစက်ရောဂါကင်းစင်ကြောင်းတွေ့ရပါက မိမိနေအိမ် စသည်တို့၌ ပြည်ဝင်သည့်နေ့ နောက်တစ်ရက်မှစတင်၍ ၁၄ရက် ပြည့်သည်အထိ ဆက်လက်သီးသန့်နေထိုင်ရပါမည်။
ပြည်ဝင်သည့်နေ့ နောက်တစ်ရက် မှစတင်၍ ၁၄ရက်အတွင်း အများပြည်သူသုံး သယ်ယူ ပိုဆောင်ရေး ယာဉ်များကို အသုံးမပြုရန်၊ နေအိမ် သိုမဟုတ် မိမိတည်းခို နေထိုင်သည့် နေရာ စသည်တို၌ သီးသန့်နေထိုင်ရန်နှင့် ထိုကာလ အတွင်း မိမိ၏ကျန်းမာရေးအခြေအနေနှင့် တည်နေရာ အချက် အလက်များနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းခြင်းများကို လိုက်နာဖြေကြားရန် စသည်တို့ကို ကတိကဝတ်ပြု လိုက်နာ စောင့်ထိန်း ရန် လိုအပ်ပါသည်။
ထိုကတိကဝတ်ကို ဖောက်ဖျက် ပါက ရောဂါကူးစက် ပျံ့နှံမှုတားဆီး ကာကွယ်ရေး ဥပဒေအရ သီးသန့်ထိန်းသိမ်းခံရနိုင်မည့်အပြင် မိမိ၏အမည်နှင့် အချက်အလက်များကို အများပြည်သူထံသို့ အသိပေးခံရနိုင်ခြေရှိသောကြောင့် အထူးသတိပြုစေလိုပါသည်။
